Wednesday, April 29, 2026

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊...

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့်...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ...

ရုရှားကနာဇီစစ်အောင်ပွဲနေ့အခမ်းအနားကိုလက်နက်ပစ္စည်းများမပါဘဲ ကျင်းပမည်

ရုရှားနိုင်ငံသည် နာဇီဂျာမနီတို့အပေါ် အောင်နိုင်မှုကို လာမည့်လတွင် ရင်ပြင်နီ၌ စစ်ရေးပြပွဲအခမ်းအနားဖြင့် အောင်ပွဲခံကျင်းပမည်ဖြစ်သော်လည်း ယူကရိန်းစစ်ပွဲကာလအတွင်း စစ်ဆင်ရေးအခြေအနေအရ စစ်ရေးပစ္စည်းများကို ထုတ်ဖော်ပြသမည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့အနှောင်းပိုင်းတွင်...

ထရမ့်ပ်က အီရန်ကိုပိတ်ဆို့မှုများကို သက်တမ်းတိုးရန် စီစဉ်နေ

ဝါရှင်တန်၊ ဧပြီ ၂၈ ရက် အပ-စ်အခတ်ရပ်စဲရေးသည် ဆက်လက်၍တည်ရှိနေသော်လည်း ဆွေးနွေးပွဲများ ရပ်တန့်နေစဉ်အတွင်း အီရန်နိုင်ငံကို ကာလရှည်ကြာ ပိတ်ဆို့မှုများကို ပြုလုပ်ရေးအတွက် ပြင်ဆင်ထားရန် အမေရိကန်သမ္မတ...
HomeNewsLocal Newsကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်...

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား (၁၂၀) ဦးကျော် ထပ်မံရောက်ရှိ

တားမြစ်ပစ္စည်းများသယ်ဆောင်ခြင်းမပြုရန် မြန်မာသံရုံးသတိပေး

​အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ တစ်ဆင့် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်စေလွှတ်ခဲ့သော မြန်မာကုန်ထုတ်လုပ်သားသစ် (၁၂၃) ဦးသည် ဧပြီ ၂၈ ရက်က အင်ချွန်းလေဆိပ်သို့ဆိုက်ရောက်ခဲ့သည်။

ကိုရီးယားလေကြောင်းလိုင်း KE492 ဖြင့်ရောက်ရှိလာသော မြန်မာအလုပ်သမားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိက လေဆိပ်၌ကြိုဆိုခဲ့သည့်အပြင် မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်က Video Call မှတစ်ဆင့် မြန်မာအလုပ်သမားများကိုနှုတ်ဆက်ခဲ့သည်။ 

သံအမတ်ကြီးက အလုပ်သမားများအနေဖြင့် လုပ်ငန်း ခွင်ဘေးကင်းရေးနှင့် ကျန်းမာရေးကိုအထူးဂရုစိုက်ရန်၊ ​နှစ်နိုင်ငံတည်ဆဲဥပဒေများနှင့် စည်းကမ်းများကို တိကျစွာလိုက်နာရန်၊ ​မိမိတို့၏ မူလရည်ရွယ်ချက်ပန်းတိုင်များဆီသို့ ကြိုးစားအားထုတ်ရန်၊ ​အခက်အခဲရှိပါက သံရုံးသို့အချိန်မရွေးဆက်သွယ်အကူအညီတောင်းခံရန် မှာကြားခဲ့သည်။

ခရီးစဉ်အတွင်း၌ အချို့ မြန်မာလုပ်သားများသည် ကိုရီးယားအစိုးရမှတားမြစ်ထားသောပစ္စည်းများ သယ်ဆောင်လာခဲ့သဖြင့် ပြည်ဝင်ခွင့်ဆိုင်ရာ အခက်အခဲများကြုံတွေ့ခဲ့ခြင်းအား မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိကညှိနှိုင်းဆောင်ရွက်ပေးခဲ့သဖြင့် ပြည်ဝင်ခွင့်ရရှိခဲ့သည်။

​ကိုရီးယားနိုင်ငံသည် ဇီဝလုံခြုံရေးနှင့် ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ပြည်ဝင်ခွင့်စစ်ဆေးရေးကို အလွန်တင်းကျပ်စွာဆောင်ရွက်သည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့် အလုပ်သမားများအနေဖြင့် ​တားမြစ်ပစ္စည်းများဖြစ်သော အသားထွက်ပစ္စည်း (ဝက်အူချောင်း၊ အမဲခြောက်)၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ အသီးအနှံ (သရက်သီး၊ ငရုတ်သီး) နှင့် မျိုးစေ့/ပျိုးပင်များ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းခံရခြင်း၊ ဒ-ဏ်ငွေ ဝမ်သိန်း (၁၀၀) အထိ ချမှတ်ခံရနိုင်ခြင်းအပြင် ပြည်ဝင်ခွင့်ပိတ်ပင်ခံရခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးနိုင်ခြင်းများဖြစ်ပေါ်နိုင်သည်။

​ထို့ကြောင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့် ကာယကံရှင်များသာမက ပို့ဆောင်ပေးသည့် မိသားစုဝင်များအနေဖြင့်လည်း စည်းကမ်းချက်များကို ကြိုတင်လေ့လာပြီး “မသိနားမလည်မှုကြောင့်” ဘဝအခွင့်အလမ်းများမဆုံးရှုံးစေရန် အထူးဂရုပြုဆင်ခြင်သင့်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊ အိမ်ခြေ (၅၀၀) ကျော်အတွက် ရေအလှူရှင်များလိုအပ်နေ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့် သောက်ရေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အခြေအနေအပေါ် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း (ရန်ကုန်) ၏ ယနေ့ ကွင်းဆင်းလေ့လာချက်အရ ဒလမြို့ပေါ်ရပ်ကွက်အချို့တွင် သုံးရေ အဆင်ပြေသေးသော်လည်း မြို့အစွန်ပိုင်းရှိ ကျေးရွာများတွင်မူ အခြေအနေ ဆိုးရွားနေခြင်းဖြစ်သည်။ ကျေးရွာရှိ အဓိကရေသိုလှောင်ကန်မှာ လုံးဝခန်းခြောက်နေပြီဖြစ်ကာ ဒေသခံများအနေဖြင့် ရေရရှိရန်အတွက် အလွန်ဝေးကွာသော နေရာများသို့ သွားရောက်ခပ်ယူနေရကြောင်း သိရသည်။ အိမ်ခြေ...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ မိုးသီးကြွေနိုင်ဟု မိုး/ဇလ သတိပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ ဖြစ်ပေါ်နေသဖြင့် မိုးရွာသွန်းမှုနှင့်အတူလေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပွားနိုင်သဖြင့် သတိပြုကြရန်လည်း အသိပေးထားသည်။ ရန်ကုန်အပြင် ပဲခူး၊ ဧရာဝတီနှင့် မွန်ပြည် နယ်တို့တွင်လည်း နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ နောက် (၂) ရက်အတွင်း ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်သည့် အခြေအနေဆက်လက်ရှိနေသည်ဟု မိုး/ဇလက ခန်းမှန်းထားသည်။...

ရုရှားကနာဇီစစ်အောင်ပွဲနေ့အခမ်းအနားကိုလက်နက်ပစ္စည်းများမပါဘဲ ကျင်းပမည်

ရုရှားနိုင်ငံသည် နာဇီဂျာမနီတို့အပေါ် အောင်နိုင်မှုကို လာမည့်လတွင် ရင်ပြင်နီ၌ စစ်ရေးပြပွဲအခမ်းအနားဖြင့် အောင်ပွဲခံကျင်းပမည်ဖြစ်သော်လည်း ယူကရိန်းစစ်ပွဲကာလအတွင်း စစ်ဆင်ရေးအခြေအနေအရ စစ်ရေးပစ္စည်းများကို ထုတ်ဖော်ပြသမည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ ဂျာမနီ၏ လက်နက်ချမှုကို ဆိုဗီယက်ပြည်ထောင်စုက လက်မှတ်ရေးထိုးခဲ့သည့်နေ့ဖြစ်သော မေလ ၉ ရက်နေ့တွင် အစဉ်အလာအတိုင်း ကျင်းပသော စစ်ရေးပြအခမ်းအနားသည် ယခုနှစ်တွင် ၈၁ နှစ်မြောက် အောင်ပွဲနေ့အထိမ်းအမှတ်ဖြစ်ကာ ရုရှားလူမျိုးများက မဟာမျိုးချစ်စစ်ပွဲဟု ခေါ်ဆိုကြသည်။ ရုရှားပြက္ခဒိန်တွင် ထိပ်တန်းအားလပ်ရက်များထဲမှ တစ်ခုဖြစ်ပြီး အရေအတွက်လျော့နည်းလာသော စစ်ပြန်များကို လမ်များပေါ်တွင် ဆုံတွေ့ကြရစေပြီး ရုပ်ရှင်များ၊ မှတ်တမ်းရုပ်ရှင်များနှင့် စစ်ပွဲကာလတေးဂီတများဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071