အမေရိကမှာ နေထိုင်တဲ့ ကဗျာဆရာကြီး တင်မိုးရဲ့ အရိုးပြာအိုး မြန်မာနိုင်ငံမှာ ပြန်လည်မြှုပ်နှံ

0
358

tinmo

ပြည်သူချစ်ကဗျာဆရာကြီး တင်မိုးရဲ့အရိုးပြာအိုးကို တော့ ဒီဇင်ဘာလ ၂၈ရက်နေ့၊ နေ့ခင်းတစ်နာရီအချိန်က ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြပါတယ်။ ကဗျာ ဆရာကြီး တင်မိုးက အမေရိကန်၊ လော့အိန်ဂျလိစ်မြို့မှာ ၂ဝဝ၇ ခုနှစ်၊ ဇန်နဝါရီလ၂၂ရက်နေ့၊အသက် ၇၄နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့မိသားစုဝင် များက အရိုးပြာအိုးကို အမေရိကမှ မြန်မာပြည် ယူဆောင်လာပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့တာဖြစ်ပါတယ်။ ဆရာ ကြီးတင်မိုးရဲ့အရိုးပြာအိုးကို ဂူသွင်းသင်္ဂြိုဟ်ရာမှာတော့ ဆရာကြီးရဲ့မိသားစုဝင်များနဲ့အတူ မိတ်ဆွေ၊ သူငယ်ချင်း များ၊ ဆရာကြီးတင်မိုးကို ချစ်မြတ်နိုးသူများ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။ ဆရာကြီးတင်မိုးရဲ့ ငယ်သူငယ်ချင်း ဖြစ်တဲ့ ဆရာဂုဏ်ထူး ဦးသိန်းနိုင်ကလည်း သူငယ်ချင်းဖြစ် သူရဲ့အရိုးပြာအိုး ဂူသွင်းသင်္ဂြိုဟ်ရာမှာ လိုက်ပါပို့ဆောင်ခဲ့သလို သူတို့သူငယ်ချင်းနှစ်ဦးရဲ့ကြားက အမှတ်တရအကြောင်းကိုလည်း

” သူရှိစဉ်ကာလကတည်းက သူ့သားသမီးတွေ အကုန်လုံးကလည်း ကျွန်တော့်သား၊ သမီးတွေလိုပဲ ဖြစ်နေခဲ့ကြတာ။ ဒီနည်းတူပဲပေါ့လေ သူ့ကို သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာ အကုန်လုံး နှစ်အိမ်တစ်အိမ် သဘောဖြစ်နေတာ။ အခုသူက သူ့ရဲ့ကဗျာတစ်ပုဒ်မှာ ဘယ်လို နိဂုံးချုပ်သွားသလဲဆိုတော့ င့ါပိုင်မြေမှာ င့ါဆွေ Óနှင့် သေရွာအတူသွားမည်တည်းတဲ့။ ဒါလွန်ခဲ့တဲ့ နှစ် ပေါင်း နှစ်ဆယ်၊ သုံးဆယ်ကရေးခဲ့တဲ့ ကဗျာလေးပေါ့။ အဲဒီလောက် သူကသူ့တိုင်းပြည်ကို သိပ်ချစ်တယ်။ သူ ချင်းမိုင် (ဇင်းမယ်)တစ်ဖက်ကမ်းက နေ ပြီးမြန်မာပြည်ထဲ မလာနိုင်တော့ ဆေးလိပ်တစ်တိုနဲ့ မျက်ရည်ပြိုင်ပြိုင် ကျလွမ်းနေတာ။ သူက အဲဒီလိုလူမျိုးလေ။ အခု သူ့သား သမီးတွေက အရိုးပြာအိုးလေး ယူလာကြပြီးတော့ ဒီမှာ သဂြုင်္ိဟ်ကြမယ်ဆိုတော့ ကျွန်တော်တို့လည်း လိုက်ပါ သဂြုင်္ိဟ်ကြတာပေါ့။ သူဒီမှာပြန်ခေါင်းချနိုင်အောင် သူ့သားသမီးတွေက သယ်ဆောင်ခဲ့ကြလို့ သမီးတွေ၊ သမက်တွေကိုလည်း ကျွန်တော် သိပ်ကိုကျေးဇူးတင်တာပဲ။ သူ့ဆန္ဒ အတိုင်း မြန်မာ့မြေမှာပြန်ပြီး လဲလျောင်းခွင့်ရတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ဒါပေမဲ့ သူကွယ်လွန်သွား တာကို အခုမှမျက်စိနဲ့ တပ်အပ်မြင်ရသလို ဖြစ်တော့ စိတ်ထဲမှာလည်း အလွန် အင်မတန် ရင်ထဲတနင့်နင့်နဲ့ ရင်နဲ့မဆံ့အောင် ခံစားရပါတယ်” လို့ ဂုဏ်ထူးဦးသိန်းနိုင် က သူ့ရင်တွင်းစကားကို ပြောခဲ့ပါတယ်။

ဆရာကြီးတင်မိုးရဲ့ အုတ်ဂူမှာ ဆရာကြီးတင်မိုး ရေးသားခဲ့တဲ့ “ဆေးလိပ်လည်းတို၊ နေလည်း ညိုပြီ၊ ငါ့ကို ပြန်ပို့ကြပါလေ” ဆိုတဲ့ ဧည့်သည်ကြီး ကဗျာကို အမှတ်တရ ရေးထိုးထားခဲ့ကြပါတယ်။ ၂ဝဝ၇ခုနှစ်က ကွယ်လွန်ခဲ့တဲ့ ဆရာကြီးတင်မိုးက ၂ဝ၁၇ခုနှစ်၊ ဇန်နဝါရီ လမှာတော့ ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဆရာကြီးရဲ့ဆယ်နှစ်ပြည့်အထိမ်းအမှတ် “လွမ်းဆွတ်ခြင်း အမှတ်တရ” ပွဲကိုတော့ မိသားစုဝင်များက ဇန်နဝါရီလ ၁ ရက်နေ့၊ နေ့ခင်း၂နာရီအချိန်၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် လမ်းမှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here