Thursday, July 30, 2026

လျှပ်စစ်မီတာ အသစ်များကို website မှတဆင့်...

ရန်ကုန်၊ ဇူလိုင် ၃၀ လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမည့် ဩဂုတ် (၁၅) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း...

မိမိယာဉ်နံပါတ်ကို အလွဲသုံးစားပြု၍ စက်သုံးဆီဝယ်ယူခံရသည့် ယာဉ်ပိုင်ရှင်များအတွက်...

နေပြည်တော်၊ ဇူလိုင် ၃၀ မိမိယာဉ်နံပါတ်ဖြင့် အခြားသူများက မသမာသောနည်းလမ်းများ အသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်း ခံခဲ့ရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးရေး...

ပြင်ဦးလွင် ဓမ္မသဟာယသာသနစင်တာ၌ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဝါဆိုဝါကပ်တော်မူ

မြန်မာသက္ကရစ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ဆရာတော်ဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာယသာသနစင်တာ၌ ဝါဆိုဝါကပ်တော်မူခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ-...

ကိယက်ဗ်ကို ယူရို ၈.၃ ဘီလီယံ...

​ဒီနှစ်ကုန်ပိုင်းမှာ ရန်ပုံငွေတွေ ထုတ်ပေးနိုင်ဖို့အတွက် ယူကရိန်းကို နောက်ထပ် ယူရို ၈.၃ ဘီလီယံ ထောက်ပံ့မယ်လို့ EU က ကတိပြုလိုက်ပြီး၊ ယူကရိန်းအစိုးရဘက်က...
HomeMoviesနိုင်ငံတော်သမ္မတ၏ အစိုးရရက် (၁၀၀)...

နိုင်ငံတော်သမ္မတ၏ အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ဇူလိုင် ၃၁ ရက်တွင် တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်၊ ဇူလိုင် ၃၀

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

အဆိုပါ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို MRTV-HD၊ MRTV-News၊ MRTV-Parliament၊ MRTV-Farmers’၊ MWD-HD၊ MWD-Variety ရုပ်သံလိုင်းများနှင့် FM ရေဒီယိုမှ တစ်နိုင်ငံလုံးရှိ ပြည်သူများထံ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ယခုမိန့်ခွန်းသည် အစိုးရတာဝန်ထမ်းဆောင်သည့် ရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒ၊ ဦးတည်ချက်များကို ပြည်သူများအား ရှင်းလင်းတင်ပြမည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လျှပ်စစ်မီတာ အသစ်များကို website မှတဆင့် ဩဂုတ် (၁၅) ရက်တွင် စတင်လျှောက်ထားနိုင်မည်

ရန်ကုန်၊ ဇူလိုင် ၃၀ လျှပ်စစ်ဓာတ်အား သုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအတွက် လျှပ်စစ်မီတာအသစ်များကို လာမည့် ဩဂုတ် (၁၅) ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အိမ်သုံးမီတာများအပြင် စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး လျှပ်စစ်မီတာအသစ်များကိုပါ လျှောက်ထားနိုင်မည်ဖြစ်သည်။ နိုင်ငံတော်ထံမှ ငှားရမ်းအသုံးပြုရာတွင် မီတာများ လျှင်မြန်စွာ ရရှိနိုင်ရေး၊ ပွဲစားများနှင့် ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုမရှိဘဲ အချိန်နှင့် စရိတ်စက သက်သာစေရန်အတွက် Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်မည် ဖြစ်သည်။ ထို့ပြင် လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများအား စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့...

မိမိယာဉ်နံပါတ်ကို အလွဲသုံးစားပြု၍ စက်သုံးဆီဝယ်ယူခံရသည့် ယာဉ်ပိုင်ရှင်များအတွက် QR Code အသစ်ထုတ်ပေးမည့် လုပ်ငန်းစဉ် အသိပေးထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၃၀ မိမိယာဉ်နံပါတ်ဖြင့် အခြားသူများက မသမာသောနည်းလမ်းများ အသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်း ခံခဲ့ရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးရေး လုပ်ငန်းစဉ်ကို အသိပေးထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ ယင်းကဲ့သို့ ဖြစ်ပွားခဲ့သည့် ယာဉ်ပိုင်ရှင်များသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် လိုအပ်သည့် အထောက်အထားများဖြင့် လျှောက်ထားနိုင်မည်ဖြစ်သည်။ လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် မူရင်း၊ မှတ်ပုံတင်စာအုပ်အရောင်၊ ယာဉ်အရောင်၊ ယာဉ်၏ရှေ့၊ နောက်နှင့် ဘေးဘက်မြင်ကွင်းဓာတ်ပုံများအပြင် ယာဉ်မှတ်ပုံတင်စာအုပ်ပါ QR Code အချက်အလက်များကို စိစစ်တင်ပြရမည်ဖြစ်ကြောင်း...

ပြင်ဦးလွင် ဓမ္မသဟာယသာသနစင်တာ၌ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဝါဆိုဝါကပ်တော်မူ

မြန်မာသက္ကရစ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ဆရာတော်ဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာယသာသနစင်တာ၌ ဝါဆိုဝါကပ်တော်မူခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ- Chan Myae Aung FB

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071