ဂျပန်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းသော ငလျင်ကြောင့် သေဆုံးသူ အရေ အတွက်သည် ၃၄ ဦးအထိ မြင့်တက်လာပြီး ဇူလိုင်လ ၃၀ ရက်နေ့တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများသည် ပြိုကျပျက်စီးခဲ့သော ဈေးဝယ်စင်တာအတွင်းမှ အသက်ရှင်ကျန်ရစ်သူများကို ကြိုးစားပမ်းစား ရှာဖွေနေကြသည်။
ငလျင်လှုပ်ပြီးနောက် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ယူဆရသော အေရွန်ဈေးဝယ်စင်တာ၏ အပျက်အစီးများ၊ သံမဏိနှင့် ဝါယာကြိုးများထဲမှ အလောင်း ခုနစ်လောင်းကို ထုတ်ယူနိုင်ခဲ့ပြီးနောက် ကူမာမိုတို ဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံးက သေဆုံးသူစာရင်းအသစ် ကို ထုတ်ပြန်ခဲ့သည်။
ယာတဆူရှီရိုမြို့ရှိ မီးခိုးခေါင်းတိုင်ပြိုကျမှုဖြစ်ခဲ့သော နီပွန်စက္ကူစက်ရုံတွင် လူ ရှစ်ဦး သေဆုံးကြောင်း အတည်ပြုခဲ့သည်ဟုလည်း အဆိုပါရုံးက ပြောကြားခဲ့သည်။ ဇူလိုင်လ ၂၈ ရက်နေ့က ပြင်းအား ၇ ဒဿမ ၁ ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် ဒဏ်ရာရခဲ့သူများထဲမှ ငါးဦးသည် စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး ဒေသခံ ၉,၅၀၀ နီးပါးသည် ကျူးရှူးကျွန်းပေါ်ရှိ ဂျပန်အနောက်တောင်ပိုင်းဒေသ၏ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရသည်။
ငလျင်လှုပ်ခတ်မှုကြောင် ကျူးရှူးကျွန်းတွင် နေရာအနှံ့ ပျက်စီး ခဲ့ပြီး နေအိမ်များ ပြားပြားဝပ်သွားခြင်း၊ တံတားများ ပျက်စီးခြင်းနှင့် မီးလောင် ခြင်းများဖြစ်ခဲ့ပြီး ဒေသခံထောင်ပေါင်းများစွာသည် လျှပ်စစ်ဓာတ်အားနှင့် ရေမရရှိဘဲ ဖြစ်နေခဲ့သည်။
ဇူလိုင်လ ၃၀ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၁၃,၅၂၀ ခန့်သည် လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။
ref:the starit time