Wednesday, July 1, 2026

“မျိုးဥအိမ် ရေအိတ်တည်ခြင်းရောဂါ” (PCOS) အား...

အမျိုးသမီးများ၏ ဟော်မုန်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို ပိုမိုထင်ဟပ်စေသည့် အမည်သစ် “အမျိုးသမီးဆိုင်ရာ ဟော်မုန်းမညီမျှခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါ” (PMOS) ရန်ကုန်၊ မြန်မာ၊ ဇွန်လ ၂၆...

MOGE နှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအကြား...

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအကြား ရေနံနည်းစနစ်ကျတွင်း တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ်ကို ယမန့်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များ...

သာယာဝတီတွင် တက္ကသိုလ် တစ်ခု ဖွင့်လှစ်ရန်...

လတ်တလောတွင် ဖွင့်လှစ်ဖို့အစီစဉ်မရှိကြောင်းနှင့် ပြည်တက္ကသိုလ်တွင် သွားရောက်တက်ရောက်နိုင်ဟု ဝန်ကြီးဌာနဆို သာယာဝတီခရိုင်မြို့တွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခု ဆောက်လုပ်ပေးရန်နှင့် မည်သည့်ဘဏ္ဍာနှစ်တွင်ဆောက်လုပ်ပေးမည်ကို  သိရှိလိုကြောင်းကို တတိယအကြိမ် ပြည်သူ့လွှတ်တော်...

မိုင်းကိုင်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း(၁၉) ကျောင်းတွင် ဆရာ၊...

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်ရှိ အခြေခံ ပညာစာသင်ကျောင်း(၁၉)ကျောင်းတွင် ဆရာ၊ ဆရာမများလစ်လပ်လျက်ရှိ၍ လျှောက်ထားသူရှိပါက ဦးစားပေးခန့်ထားမည်ဟု ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနေမျိုးလှိုင်က ပြောသည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ...
HomeMoviesနိုင်ငံခြားရေးဝန်ကြီးနှင့် IFRC အာရှ-ပစိဖိတ်ဒေသဆိုင်ရာ...

နိုင်ငံခြားရေးဝန်ကြီးနှင့် IFRC အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး တွေ့ဆုံမြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုအကူအညီနှင့် IFRC ၏ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (International Federation of Red Cross and Red Crescent Societies – IFRC) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society – MRCS) ၏ လုပ်ငန်းများတွင် IFRC က ပံ့ပိုးကူညီဆောင်ရွက်နေသည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ IFRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khoury၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“မျိုးဥအိမ် ရေအိတ်တည်ခြင်းရောဂါ” (PCOS) အား “အမျိုးသမီးဆိုင်ရာ ဟော်မုန်းမညီမျှခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါ” (PMOS) ဟု အမည်သစ်ပြောင်းလဲသတ်မှတ်

အမျိုးသမီးများ၏ ဟော်မုန်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို ပိုမိုထင်ဟပ်စေသည့် အမည်သစ် “အမျိုးသမီးဆိုင်ရာ ဟော်မုန်းမညီမျှခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါ” (PMOS) ရန်ကုန်၊ မြန်မာ၊ ဇွန်လ ၂၆ ရက် ၂၀၂၆။ ။ မျိုးဥအိမ် ရေအိတ်တည်ခြင်း (Polycystic Ovary Syndrome - PCOS) ဆိုတာ မျိုးပွားနိုင်တဲ့ အသက်အရွယ်ရောက်ရှိနေတဲ့ အမျိုးသမီး (၈) ယောက်မှာ (၁) ယောက်နှုန်း ဖြစ်ပွားနေပြီး တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားသူဦးရေ စုစုပေါင်း သန်း (၁၇၀) ဝန်းကျင် ရှိနေတဲ့...

MOGE နှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအကြား ရေနံနည်းစနစ်ကျ တွင်းတူးဖော်ထုတ်ခြင်းဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုး

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအကြား ရေနံနည်းစနစ်ကျတွင်း တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ်ကို ယမန့်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များ ပူးပေါင်း၍ နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်ရန် လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ် (Operating Agreement) ကို လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခင်က ခွင့်ပြုပေးထားသည့် ရေနံလက်ယက်တွင်း တူးဖော်ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်ပိုင်ရေနံ...

သာယာဝတီတွင် တက္ကသိုလ် တစ်ခု ဖွင့်လှစ်ရန် တောင်းဆို

လတ်တလောတွင် ဖွင့်လှစ်ဖို့အစီစဉ်မရှိကြောင်းနှင့် ပြည်တက္ကသိုလ်တွင် သွားရောက်တက်ရောက်နိုင်ဟု ဝန်ကြီးဌာနဆို သာယာဝတီခရိုင်မြို့တွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခု ဆောက်လုပ်ပေးရန်နှင့် မည်သည့်ဘဏ္ဍာနှစ်တွင်ဆောက်လုပ်ပေးမည်ကို  သိရှိလိုကြောင်းကို တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ ကျင်းပသည့်အချိန်တွင်  သာယာဝတီ ကိုယ်စားလှယ် ဦးဝင်းဇော်ဦး က မေးမြန်းခဲ့ခြင်း ဖြစ်စည်။ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့သည် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲနောက်ပိုင်း အင်္ဂလိပ်အစိုးရ လက်ထက် ၁၈၇၈ ခုနှစ်ကတည်းက ခရိုင်ရုံးစိုက်ရာမြို့ ဖြစ်သည်။ ပဲခူးတိုင်းရှိ အခြားသောခရိုင်မြို့များတွင် တက္ကသိုလ်ကောလိပ်များ ချထား ဖွင့်လှစ်ပေးခဲ့သော်လည်း သာယာဝတီခရိုင်မြို့တွင် ချထားဖွင့်လှစ်ပေးခဲ့ခြင်းမရှိကြောင်းလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071