Wednesday, July 1, 2026

“မျိုးဥအိမ် ရေအိတ်တည်ခြင်းရောဂါ” (PCOS) အား...

အမျိုးသမီးများ၏ ဟော်မုန်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို ပိုမိုထင်ဟပ်စေသည့် အမည်သစ် “အမျိုးသမီးဆိုင်ရာ ဟော်မုန်းမညီမျှခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါ” (PMOS) ရန်ကုန်၊ မြန်မာ၊ ဇွန်လ ၂၆...

MOGE နှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအကြား...

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအကြား ရေနံနည်းစနစ်ကျတွင်း တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ်ကို ယမန့်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များ...

မိုင်းကိုင်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း(၁၉) ကျောင်းတွင် ဆရာ၊...

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်ရှိ အခြေခံ ပညာစာသင်ကျောင်း(၁၉)ကျောင်းတွင် ဆရာ၊ ဆရာမများလစ်လပ်လျက်ရှိ၍ လျှောက်ထားသူရှိပါက ဦးစားပေးခန့်ထားမည်ဟု ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနေမျိုးလှိုင်က ပြောသည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ...

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် ထူး...

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်နေထိုင်ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မအေးချမ်းပြည့်နှင့် မနီနီကျော်တို့အား ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက ဇွန် ၃၀ ရက်တွင်တွေ့ဆုံ၍ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ...
HomeNewsLocal Newsသာယာဝတီတွင် တက္ကသိုလ် တစ်ခု...

သာယာဝတီတွင် တက္ကသိုလ် တစ်ခု ဖွင့်လှစ်ရန် တောင်းဆို

လတ်တလောတွင် ဖွင့်လှစ်ဖို့အစီစဉ်မရှိကြောင်းနှင့် ပြည်တက္ကသိုလ်တွင် သွားရောက်တက်ရောက်နိုင်ဟု ဝန်ကြီးဌာနဆို

သာယာဝတီခရိုင်မြို့တွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခု ဆောက်လုပ်ပေးရန်နှင့် မည်သည့်ဘဏ္ဍာနှစ်တွင်ဆောက်လုပ်ပေးမည်ကို  သိရှိလိုကြောင်းကို တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ ကျင်းပသည့်အချိန်တွင်  သာယာဝတီ ကိုယ်စားလှယ် ဦးဝင်းဇော်ဦး က မေးမြန်းခဲ့ခြင်း ဖြစ်စည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့သည် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲနောက်ပိုင်း အင်္ဂလိပ်အစိုးရ လက်ထက် ၁၈၇၈ ခုနှစ်ကတည်းက ခရိုင်ရုံးစိုက်ရာမြို့ ဖြစ်သည်။

ပဲခူးတိုင်းရှိ အခြားသောခရိုင်မြို့များတွင် တက္ကသိုလ်ကောလိပ်များ ချထား ဖွင့်လှစ်ပေးခဲ့သော်လည်း သာယာဝတီခရိုင်မြို့တွင် ချထားဖွင့်လှစ်ပေးခဲ့ခြင်းမရှိကြောင်းလည်း ဦးဝင်းဇော်ဦးက ပြောကြားခဲ့သည်။

သာယာဝတီခရိုင်တွင် မြို့နယ် ၆ ခုပါဝင်ပြီး အထက်တန်း ကျောင်းပေါင်း ၄၄ ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း ၄၉ ကျောင်း စုစုပေါင်း ၉၃ ကျောင်းရှိပြီး အ.လ.ကကျောင်း ၆၈ ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း ၄၅ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၁၂ ကျောင်း၊ အလယ်တန်းအဆင့် စုစုပေါင်း၂၂၅ ကျောင်း၊ မူလတန်းအဆင့် အ.မ.ကကျောင်း ၇၂၈ ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း ၁၆ ကျောင်း စုစုပေါင်း မူလတန်းအဆင့် ၇၄၄ ကျောင်းနဲ့ မူလယ်ထက်၃ မျိုးပေါင်း ၁၀၆၂ ကျောင်းရှိပါကြောင်း၊

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူပေါင်း ၄၅၄၅ ယောက်ရှိခဲ့ပြီး ဖြေဆိုသည့်ရာခိုင်နှုန်းမှာ ၉၃.၃၈ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ အောင်မြင်သူပေါင်း ၂,၆၅၁ ဦး ရှိခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၅၈.၂၆ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

သို့သော် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ကြသော ကျောင်းသူ ကျောင်းသားများသည် အဆင့်မြင့်တက္ကသိုလ်ပညာရေးကို မိုင် ၈၀ ခန့်ဝေးသော ရန်ကုန်မြို့နှင့် မိုင် ၁၀၀ ခန့်ဝေးသော ပြည်မြို့တို့တွင် သွားရောက်သင်ကြားနေကြရပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူထဲမှ ကျောင်းသားအနည်းငယ်သာ တက္ကသိုလ်ပညာရေး ကို ဆက်လက်သင်ကြားနိုင်ကြပါကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဇော်မြင့် က ပြန်လည်ဖြေကြားခဲ့ပြီး သာယာဝတီခရိုင်မြို့တွင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တစ်ခုခု ချထား ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် လတ်တလောမှာတော့ အစီအစဉ်မရှိသေးပါ ကြောင်း ကို ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။

ထိုပြင်  နောင်လိုအပ်သောအချိန်မှာ ဖွင့်လှစ်နိုင်ရေးအတွက် သာယာဝတီ ခရိုင်တွင် အဆင့်မြင့် ပညာဆည်းပူးသူ ကျောင်းသား/ ကျောင်းသူများစွာ ပေါ်ထွက်လာရေးကို မိဘပြည်သူများက တိုက်တွန်းပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်းနှင့် သာယာဝတီခရိုင်မှ ပြည်တက္ကသိုလ် တက်ရောက် လိုသော ကျောင်းသား/ ကျောင်းသူတစ်ဦးတိုင်း၊ တစ်ယောက်တိုင်းအတွက်ကို အစိုးရအိပ်ဆောင် (Hostel) ချထားပေးနိုင်မည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

သာယာဝတီမြို့နှင့် ပြည်မြို့သည် ၁၀၂ မိုင်ကွာဝေးပြီး မော်တော်ယာဉ်ဖြင့် ၃ နာရီ ခရီးအကွာတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကြောင်း ထို့အတူ သာယာဝတီမြို့နှင့် ရန်ကုန်မြို့သည်လည်း ၇၃ မိုင်ကွာဝေးပြီး မော်တော်ယာဉ်ဖြင့် ၂ နာရီခွဲခရီး တွင် ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“မျိုးဥအိမ် ရေအိတ်တည်ခြင်းရောဂါ” (PCOS) အား “အမျိုးသမီးဆိုင်ရာ ဟော်မုန်းမညီမျှခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါ” (PMOS) ဟု အမည်သစ်ပြောင်းလဲသတ်မှတ်

အမျိုးသမီးများ၏ ဟော်မုန်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို ပိုမိုထင်ဟပ်စေသည့် အမည်သစ် “အမျိုးသမီးဆိုင်ရာ ဟော်မုန်းမညီမျှခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါ” (PMOS) ရန်ကုန်၊ မြန်မာ၊ ဇွန်လ ၂၆ ရက် ၂၀၂၆။ ။ မျိုးဥအိမ် ရေအိတ်တည်ခြင်း (Polycystic Ovary Syndrome - PCOS) ဆိုတာ မျိုးပွားနိုင်တဲ့ အသက်အရွယ်ရောက်ရှိနေတဲ့ အမျိုးသမီး (၈) ယောက်မှာ (၁) ယောက်နှုန်း ဖြစ်ပွားနေပြီး တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားသူဦးရေ စုစုပေါင်း သန်း (၁၇၀) ဝန်းကျင် ရှိနေတဲ့...

MOGE နှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအကြား ရေနံနည်းစနစ်ကျ တွင်းတူးဖော်ထုတ်ခြင်းဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုး

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအကြား ရေနံနည်းစနစ်ကျတွင်း တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ်ကို ယမန့်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များ ပူးပေါင်း၍ နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်ရန် လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ် (Operating Agreement) ကို လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခင်က ခွင့်ပြုပေးထားသည့် ရေနံလက်ယက်တွင်း တူးဖော်ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပြီး လက်ရှိတွင် နိုင်ငံတော်ပိုင်ရေနံ...

မိုင်းကိုင်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း(၁၉) ကျောင်းတွင် ဆရာ၊ ဆရာမများလစ်လပ်နေ လျှောက် ထားသူရှိပါက ဦးစားပေးခန့်ထားမည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်ရှိ အခြေခံ ပညာစာသင်ကျောင်း(၁၉)ကျောင်းတွင် ဆရာ၊ ဆရာမများလစ်လပ်လျက်ရှိ၍ လျှောက်ထားသူရှိပါက ဦးစားပေးခန့်ထားမည်ဟု ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနေမျိုးလှိုင်က ပြောသည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး(၁၆)ရက်မြောက်နေ့ဖြစ်သည့် ဇွန် ၃၀ ရက်တွင် မိုင်းကိုင်မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းမွှေး၏ " မိုင်းကိုင်မြို့နယ်တွင် ကျောင်းပေါင်း(၁၉)ကျောင်းမှ ဆရာ၊ ဆရာမများလစ်လပ်နေခြင်း၊ ဆရာ(၁)ဦးတည်းသာတာဝန်ထမ်းဆောင်နေရခြင်းများကြောင့် လစ်လပ်နေသောနေရာများကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ"မေးခွန်းကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ မိုင်းကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အ တွင်း ဆရာ၊ ဆရာမများ လုံးဝလစ်လပ်နေသည့်ကျောင်း(၁၉)ကျောင်းရှိရာ ယင်း ကျောင်းများတွင်တက်ရောက်နေသည့် ကျောင်းသား/သူများသင်ကြားသင်ယူမှုမဆုံးရှုံးစေရန် မြို့နယ်အတွင်းရှိ ကျောင်းအုပ်စုအလိုက် ဆရာအင်အားပြည့်မီသောကျောင်းများမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071