ပါရီအိုလံပစ် ပြိုင်ပွဲတွင် သက်ထားသူဇာ ဝင်ပြိုင်ခွင့်ရ

0
455

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာအနေဖြင့် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ယခုနှစ် ဇူလိုင်လအတွင်း ကျင်းပပြုလုပ်မ ည့် အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ရောက်ခွင့်အတွက် သူမ၏ ဖေ့စ်ဘွတ်အကောင့်မှတဆင့် ” သုံးနှစ်တာကာလအတွင်း လျှောက်လှမ်းလာခဲ့တဲ့ခရီးရဲ့ ပန်းတိုင်ကအခုတော့ သက်ထားကို ကြိုဆိုနေပါပြီ။ ပြင်သစ်အိုလံပစ်ရေ သက်ထားလာပြီနော်” ဟု ရေးသား၍ အသိပေးထားသည်။

ပါရီ အိုလံပစ်ပြိုင်ပွဲသို့ဝင်ရောက်ရန် အဆင့်သတ်မှတ်ချက် (၃၆)အထိ ခွင့်ပြုထားရာ သက်ထားသူဇာအနေဖြင့် နိုင်ငံ တ ကာ လက်ရည်စမ်းပွဲများမှ ရမှတ် (၃၂,၆၃၀)မှတ်ဖြင့် အဆင့်ရပ်တည်မှု (၂၂ )နေရာတွင် ရရှိခဲ့ခြင်းကြောင့် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

အလားတူ သူမသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က အသိ အမှတ်ပြုသည့် ကမ္ယာ့အဆင့်သတ်မှတ်ချက်(၄၂) နေရာတွင်လည်း ရပ်တည်နေသူတစ်ဦးလည်း ဖြစ်သည်။

ပါရီအိုလံပစ်ပွဲတော်အား ယခု ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဩ ဂုတ် လအထိ သုံးလကြာကျင်းပပြုလုပ်မည်ဖြစ်ပြီး သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့် တိုကျိုအို လံပစ်ကိုလည်း ယှဉ်ပြိုင်ထားရာ ယခုအကြိမ်နှင့်ဆိုလျင် အို လံပစ်ဝင်ပြိုင်ခွင့် နှစ်ကြိမ်ဆက်တိုက် ရရှိထားသူဖြစ်သ ည်။

သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲများဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် အသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး အမျိုးသမီး ကြက်တောင်ကစားသမားအဖြစ် မှတ်တ မ်းဝင်ခဲ့သူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here