အီရန်ခေါင်းဆောင်ကြီး ခါမေနီက ယာယီသမ္မတကို အတည်ပြုခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် ၅ ရက် သတ်မှတ်

0
222

ရဟတ်ယာဉ် ပျက်ကျခဲ့မှုအတွင်း သမ္မတ အီဘရာဟင် ရိုင်စီ သေဆုံးခဲ့အပြီးမှာ ဒုတိယသမ္မတ(၁) မိုဟာမက် မွတ်ခ်ဘားက အမှုဆောင်အဖွဲ့ကို တာဝန်ခံပြီး ရွေးကောက်ပွဲကျင်းပဖို့အတွက် ရက် ၅၀ အချိန်ယူသွားမှာဖြစ်ကြောင်း အီရန်ခေါင်းဆောင်ကြီး အလီခါမေနီက တနင်္လာနေ့မှာ ပြောဆိုတယ်လို့ အီရန်အစိုးရ တရားဝင်သတင်းဋ္ဌာန IRNA က ဖော်ပြပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သမ္မတနဲ့အဖွဲ့မမျှော်လင့်ပဲ သေဆုံးခဲ့ရမှုအတွက် ဝမ်းနည်းခြင်းအထိမ်း အမှတ် ၅ ရက်တာ သတ်မှတ်ကြောင်းလည်း ခါမေနီက ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ရဟတ်ယာဉ် ပျက်ကျမှုဖြစ်စဉ်မှာပဲ နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီယာ အဗ္ဗဒူလာဟင် သေဆုံးခဲ့ရပြီးနောက် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အလီ ဘဂ္ဂီရီ ကာနီကို ယာယီနိုင်ငံခြားရေးဝန်ကြီးအဖြစ် အီရန်အစိုးရအဖွဲ့က ခန့်အပ်လိုက်တယ်လို့လည်း သိရပါတယ်။

သမ္မတ ရိုင်စီ၊ နိုင်ငံခြားရေးဝန်ကြီး၊ အခြားခရီးသည် နဲ့ ယာဉ်အမှုထမ်း ခြောက်ဦးတို့ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ အဇာဘိုင်ဂျန်နိုင်ငံနဲ့နယ်စပ်အနီး တောင်တန်းဒေသတစ်ခုမှာ မေ ၁၉ ရက်က ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ ဆိုးဝါးတဲ့ မြေမျက်နှာသွင်ပြင်နဲ့ ရာသီဥတုအခြေအနေတွေအကြား ညလုံးပေါက် ရှာဖွေမှုတွေ လုပ်ခဲ့ပြီးနောက် မေ ၂၀ အစောပိုင်းမှာ ရဟတ်ယာဉ်ပျက် တည်နေရာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Ref: The Times of Israel, ST


LEAVE A REPLY

Please enter your comment!
Please enter your name here