မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည်

0
95

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ တီတီဝမ်ဆာ အားက စားကွင်း၌ ကျင်းပမည့် ကမ္ဘာ့ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ မေ (၂၁) ရက်မှ (၂၆)ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်း ISTAF WORLD CUP 20 24 ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအားကစားသမားများ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းတွင် ဦးအောင်မျိုးစံမြင့်က အ သင်းအုပ်ချုပ်သူအဖြစ်လည်းကောင်း၊ ဦးအောင်ချိုမြင့်က (နည်းပြ) အဖြစ်လည်းကောင်း လိုက်ပါပြီး ကစားသမားများတွင် (နောက်ထိန်း) ထူးအောင်ကျော်၊ သန့်ဇင်ထွန်း (ခ) ဓာတ်လုံး၊ မင်းသန့်သူ၊ ဝင်းကျော်၊ (လစ်) ဝင်းဇော်ဇော်ဦး (ခ) တရုတ်ကြီး၊ ဇင်ကိုကို၊ ဇင်မင်းဦး(ခ)အားဒစ်၊ အောင်မျိုးကျော် (ခ) မျိုးလေး၊ (ဖိုက်တာ) ရှိန်းဝဏ္ဏ ဇော် (ခ) ရှိန်းလေး၊ စစ်လင်းထွဋ်၊ ဖေငြိမ်းချမ်း၊ ရန်ပိုင်ဦး (ခ) ကျောင်း တိုက်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် Regu event ၊ Team event နှင့် Double event တို့ပါဝင်ပြီး Premier တန်းနှင့် Division တန်းဟူ၍ ခွဲခြားယှဉ်ပြိုင်ရမည်ဖြစ်ကာ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ကဲ့သို့ ပိုက်ကျော်ခြင်း ထိပ်တန်းနိုင်ငံများက လက် ရွေးစင် အသင်းများသည် Premier တန်းတွင် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

ယခင်ပြိုင်ပွဲများကဲ့သို့ မိမိတို့ အားသာသည့် Event ကို ရွေး ချယ်ခွင့်မရှိဘဲ Event အားလုံး ယှဉ်ပြိုင်ကြရမည်ဖြစ်ကြော င်းလည်း သိရသည်။

ထို့ပြင် ယခုသွားရောက်ယှဉ်ပြိုင်ရမည့် World Cup 2024 ပြိုင်ပွဲသည် ယခင် ကျင်းပခဲ့ဖူးသော ပြိုင်ပွဲများထက် ထူး ခြားချက်တစ်ခုမှာ ပြိုင်ပွဲဝင် အသင်းများ၏ ရလဒ်နှင့် က စားသမားများ၏ အရည်အသွေးပေါ် မူတည်၍ နိုင်ငံများအား Rank အဆင့် သတ်မှတ်မည့် ပြိုင်ပွဲကြီး‌ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဂျာမနီ၊ ပြင်သစ်၊ နီပေါ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ တရုတ်(တိုင်ပေ)၊ ဆော်ဒီအာရေးဗီးယား နိုင်ငံတို့ ပါဝင်ပြီး Premier တန်းနှင့် Division တန်းဟူ ၍ ခွဲခြားယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာအသင်းသည် Premier တန်းတွင် ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး Regu Event ပြိုင်ပွဲတွင် အိန္ဒိယ၊ ဂျပန်တို့နှင့် အုပ်စု (ဃ) တွင်လည်းကောင်း၊ Double Event ပြိုင်ပွဲတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား တို့နှင့် အုပ်စု (ဂ) တွင်လည်းကောင်း၊ Tea m Event ပြိုင်ပွဲတွင် ဖိလစ်ပိုင်၊ ကိုရီးယားတို့နှင့် အုပ်စု (ဃ) တွင်လည်းကောင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here