တောင်ပုလတောင်တော် စေတီတော်တွင် ဒူးရင်းသီးစတုဒီ သာနှင့် သစ်ပင်စိုက်ပွဲ ပြုလုပ်မည်

0
54

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပိတ်ချင်းမြောင်လှိုဏ်ဂူအနီးတွင်ရှိသည့် တောင်ပုလတောင်စေတီတော်၌ ယခု မေ (၂၅) ၌ ဒူးရင်းသီး စတုဒီသာနှင့် သစ်ပင်စိုက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် ပွဲတော်တွင် ဒူးရင်းသီး စတုဒီသာအလှူသာပါဝင်ခဲ့သော်လည်း ယခု ဒုတိယအကြိမ်မြောက်တွင်မူ သစ် ပင်စိုက်ပွဲတော်ကိုပါ ထည့်သွင်းထားကြောင်း တောင်ပုလဆရာတော် အရှင်ပညာဘောဂက လူမှုကွန်ရက်မှတဆင့် မိန့်သည်။

အဆိုပါ စတုဒီသာပွဲတော်တွင် လာရောက်မည့် ဘုရားဖူးပြ ည်သူများကို ဒူးရင်းသီး အလုံးသုံးထောင်အထက် လှူဒါန်းကျွေးမွေးသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များလ ည်း ပါဝင်မည်ဟု သိရသည်။

တောင်ပုလ တောင်တော်စေတီတော်သည် ပြင်ဦးလွင်မြို့၏ တောင်ကလပ်တခုသဖွယ် လူသိများပြီး တောင်ထိပ်တွင် ရန်အောင်မြင် ကပ်ကျော်သစ္စာရှင် ဆုတောင်းပြည့်စေတီတော်ကြီး တည်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here