ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း မှတ်ပုံတင်ရာတွင်  စည်းကမ်းသတ်မှတ်ချက်များ လိုက်နာဆောင်ရွက်မည် ဝန်ခံချက်ပါရှိရမည်

0
56

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း မှတ်ပုံတင်ရာတွင် ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့က အခါအားလျော်စွာ ထုတ်ပြန်သော စည်းကမ်း သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါမည်ဆိုသည့် ဝန်ခံချက်ရှိရမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် သတ်မှတ်ထားသည့်လက်မှတ် လျှောက်လွှာပုံစံကို အသိပေးဖော်ပြထားပြီး ပူးတွဲတင်ပြရသော စာရွက်စာတမ်းများမှာ ကုမ္ပဏီ သို့မဟုတ် စီးပွားရေး အဖွဲ့အစည်းရှိ တာဝန်ခံပုဂ္ဂိုလ်၏ ရောင်စုံဓာတ်ပုံ / လူပုဂ္ဂိုလ် ဖြစ်ပါက ယင်းပုဂ္ဂိုလ်၏ ရောင်စုံဓာတ်ပုံ၊ ကုမ္ပဏီ သို့မဟုတ် စီးပွားရေး အဖွဲ့အစည်းရှိ တာဝန်ခံပုဂ္ဂိုလ်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ / လူပုဂ္ဂိုလ် ဖြစ်ပါက ယင်းပုဂ္ဂိုလ်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ နေထိုင်ကြောင်း ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်၊လုပ်ငန်းသုံး စက်ပစ္စည်းများစာရင်း၊လုပ်ငန်းသုံးစက်ပစ္စည်းများအတွက် တရားဝင်ပိုင်ဆိုင်ကြောင်း အထောက်အထား မိတ္တူများ၊အစုစပ်ပိုင်ဖြစ်ပါက လိုအပ်သော စာရွက်စာတမ်းမိတ္တူများ၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ထောက်ခံချက်များလည်း ပါရှိရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here