ကွဲလွဲမှုများကို နိုင်ငံရေးယဉ်ကျေးမှုဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်ကြသော် လည်း ပညာတတ် နည်းပါးသည့်နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ပင်ဖြစ်ကြောင်း နစက ဥက္ကဌ ပြောကြား

0
57

နိုင်ငံရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးယဉ်ကျေးမှုဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်ကြသော် လည်း ပညာတတ် နည်းပါးသည့်နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ပင်ဖြစ်ကြောင်း နစက ဥက္ကဌ ပြောကြား သည်။

ယမန်နေ့ မေ(၉)ရက်က နေပြည်တော်တွင် ပြုလုပ်သည့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပညာတတ်များ ပေါကြွယ်ဝစေရေးအတွက် လူတိုင်းစာတတ်မြောက်ရေးကို ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် ပညာတတ်များပေါကြွယ်ဝရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့်  မိမိတို့နိုင်ငံအနေဖြင့် ပညာရည်မြှင့်တင်ရေးလှုပ်ရှားမှုများကို မဖြစ်မနေအားပေး

မြှင့်တင်ရန်လိုအပ်သောကြောင့် ပြည် ထောင်စုနယ်မြေနေပြည်တော်မှ အစပြု ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” များကိုဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့အပြင် အွန်လိုင်းမီဒီယာများ၌ စာပေဖတ်ရှုနိုင်သည်ဖြစ်သော်လည်းအဆိပ် အတောက် သတင်းအချက်အလက်များ လွှမ်းမိုးနေသည်ဖြစ်၍ မိမိဘဝကိုအကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

နစက တာဝန်ယူဆောင်ရွက်ချိန်တွင် နေပြည်တော်ကို Green City ၊ Clean

City ၊ Smart City ဖြစ်စေရန်နှင့် Smokeless Industry များအကောင် အထည်ဖော်နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ ပညာရေးမြို့ တော်အဖြစ် တည်ဆောက်နိုင်ရေးအတွက်လည်း အားပေးဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်များကိုလည်း တိုးချဲ့တည်ဆောက်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် ပညာရေးကဏ္ဍ အပါအဝင် ကဏ္ဍအသီးသီး၌ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စံပြုထိုက်သည့် မြို့ တော်တစ်ခု ဖြစ်ရန်လိုကြောင်း၊ထို့ကြောင့် ယနေ့ပြုလုပ်သည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” များကိုရည်ရွယ်ချက်ရှိစွာဖြင့် အကောင် အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် တာဝန်ရှိသူများအားလုံးက အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ထပ်မံ မှာကြားခဲ့သည်။

“စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု” အခမ်းအနားတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့် တိုက်အဆောက်အဦး (၁၄၇) တိုက်အတွက် ငွေကျပ်သိန်းပေါင်း (၂၂,၀၅၀) ကျပ် နှင့် စာအုပ်စာစောင် စုစုပေါင်း (၇၀,၇၈၀)စောင် တို့အား လှူဒါန်းရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here