အာဆီယံ ချန်ပီယံရှစ် ၂၀၂၄ ပြိုင်ပွဲရှမ်းယူနိုက်တက် FC ဖိုင်နယ်အဆင့်တက်ရန် ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်

0
63

ASEAN Club Championship 2024 ပြိုင်ပွဲ၌ ရှမ်းယူနိုက်တက် FCဖိုင်နယ်အဆင့်သို့တက်ရောက်ရန် ဘရူနိုင်းနိုင်ငံ ကလပ်အသင်း တစ်သင်းဖြစ်သည့် Kasuka FC အသင်းဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက် FC နှင့် Kasuka FC အသင်းတို့ ယှဉ်ပြိုင်ကစားရာမှ အနိုင်ရရှိသည့် အသင်းမှာ ဖိုင်နယ်အဆင့် အုပ်စု (A)သို့ တက်ရောက်ရမည်ဖြစ်သည်။

ယင်းအသင်း နှစ်သင်းယှဉ်ပြိုင်မှုအား ပထမအကျော့ ပွဲစဉ်အဖြစ် ဇူလိုင် (၁၇ )ရက်နေ့၌ အဝေးကွင်းတွင် တစ်ကြိမ်၊ ဒုတိယ အကျော့ပွဲစဉ်အဖြစ် ဇူလိုင် (၂၄)ရက်၌ အိမ်ကွင်းတွင် တစ်ကြိမ် အသီးသီးယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက် FC အနေဖြင့် ဖိုင်နယ်အဆင့် အုပ်စု(A)သို့ ရောက်ရှိမည်ဆိုပါက အုပ်စုပတ်လည် အသင်း ငါးသင်းနှင့် ထပ်မံယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

လက်ရှိတွင် ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်းပြိုင်ပွဲတစ်ခုဖြစ်သည့် MNL လိဂ်တွင် အုပ်စု(B)တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here