ရှားပါးငှက်မျိုးစိတ် ငဟစ်ဝမ်းဖြူငှက်ကို မြန်မာနိုင်ငံ မြောက်ပိုင်း၌ မှတ်တမ်းတင်နိုင်ခဲ့

0
74

မြန်မာနိုင်ငံ မြောက်ပိုင်း၌သာ တွေ့ရသည့် ရှားပါးငှက်မျိုးစိတ် ငဟစ်ဝမ်းဖြူငှက်ကို NSCI group မြန်မာလူငယ် သုတေသန ပညာရှင်အဖွဲ့က မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငှက်မျိုးစိတ်မှာ မြန်မာနိုင်ငံတွင် ကျားသစ်ထက်ရှားပြီး မြန်မာတစ်နိုင်ငံလုံးတွင် အကောင်ရေ(၄၀)ဝန်းကျင်သာ ကျန်ရှိသည့် ရှားပါးငှက်မျိုးစိတ်ဖြစ်သည်။

အဆိုပါ ငဟစ်ဝမ်းဖြူငှက်သည် ကမ္ဘာ့အရှားဆုံးငှက်များထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အဆိုပါငှက်ကို မြန်မာနိုင်ငံမြောက်ပိုင်း၌သာ တွေ့ရတတ်ကြောင်း သိရသည်။

ထိုငှက်မျိုးစိတ်ကို ဟိမဝန္တာတောင်ကြောကြီး၏ အရှေ့ပိုင်း ဘူတန်၊ မြန်မာ၊ အိန္ဒိယတွင် အများဆုံး တွေ့ရှိရကြောင်း သိရသည်။

လက်ရှိမှတ်တမ်းတင်ရရှိခဲ့သည့် ငဟစ်ဝမ်းဖြူငှက်ကို NSCI အဖွဲ့ဝင် Phong San Dakaw က ကချင်ပြည်နယ်တွင် မှတ်တမ်းရရှိခဲ့ခြင်းဖြစ်ပြီး ငဟစ်ဝမ်းဖြူငှက်များသည် ဒေသခံများ၏ အစာအဖြစ် အမဲလိုက်မှုကို ခံနေရကာ ထိန်းသိမ်းစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေကြောင်းလည်း သိရသည်။

အဆိုပါ ငဟစ်ဝမ်းဖြူငှက်မျိုးစိတ်မှာ ဗျိုင်းငှက်များကဲ့သို့ မြစ်ချောင်းများ၊ တောင်ကျချောင်းများ အနီးနေထိုင်ကျက်စားပြီး မြစ်ချောင်းအနီး သစ်ပင်များတွင် အိပ်တန်းတက်လေ့ရှိကြောင်း သိရသည်။

ယင်းငှက်မျိုးစိတ်မှာ ဧရာဝတီလင်းပိုင်၊ ကျားသစ်၊ ပန်ဒါနီအရေအတွက်ထက်ပင် နည်းနေပြီး ဆက်လက်ထိန်းသိမ်းခြင်းမရှိပါက လာမယ့် (၅) နှစ်အတွင်း ကျန်ရှိနေသည့် အကောင်များပါး မျိုးတုဉ်းသွားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here