ဆိုင်ကလုန်မုန်တိုင်း ရီရ်မယ်လ်၏ အရှိန်ကြောင့် တစ်နိုင်ငံလုံး မိုးဆက်ရွာဦးမည်

0
322

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်မုန်တိုင်း ရီရ်မယ်လ်၏ အရှိန်ကြောင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးတွင် မိုးဆက်ရွာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ မေလ(၂၆)ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း မိုး/ဇလက အသိပေးထားသည်။

ထို့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည်တို့လည်း ဖြစ်ပေါ်နိုင်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ရီရ်မယ်လ် ဆိုက်ကလုန်း မုန်တိုင်းသည် မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၇၅ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်ဘက် ရေမိုင် ၂၁၀ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက် – အနောက်မြောက်ဘက် ရေမိုင် ၂၅၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၁၀ မိုင်ခန့်၊ မွန်ဂလမြို့၏ တောင်ဘက် ရေမိုင် ၁၃၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ဆာဂါကျွန်း၏ အရှေ့တောင်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်၊ ဒီဂါမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်နှင့် ကန်နင်းမြို့၏ တောင် – အရှေ့တော င်ဘက် ရေမိုင် ၁၂၀ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here