ကျင်သီယာယီတံတားမှ ကားငယ်များကို ပြန်လည်ဖြတ်သန်းခွင့်ပြု

0
74

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့် သီပေါမြို့ အကြားရှိ ကျင်သီယာယီ တံတားတွင် ယနေ့ ညနေပိုင်း (၃)နာရီအချိန်၌ ကားငယ်များကို ပြန်လည်ဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် အဆိုပါ တံတားမှာ ချောင်းရေနှင့် တံတားကြမ်းပြင်မှာ တစ်ပေခန့်အကွာတွင် ရောက်ရှိနေပြီး အနည်းငယ်ညွှတ်ကျနေသည်ကို တွေ့ရကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

“အန်စာတုံးတွေ ဖြတ်ခွင့်ပြုနေပါတယ်။ မိုးအခြေအနေကတော့ ဒီတစ်မိုးရွာရင် တံတားက မျောနိုင်တဲ့ အ‌ခြေအနေဘဲ။ ဖြတ်ရဲတဲ့ ကားကတော့ ဖြတ်‌နေတာပေါ့။ တံတားကြံ့ခိုင်မှုက တော်တော်ကို မရှိတော့တာ။ ရေစီးကိုတားဖို့ တံတားနားမှာ ခွေကြီးတစ်ခုချထားတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဒေသတွင်း ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်နှင့် ကားငယ်များကိုသာ ‌ဖြတ်သန်းခွင့်ပြုနေပြီး ကျောက်မဲရာသီဥတု အခြေအနေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်သည့် အခြေအနေရှိကြောင်း သိရသည်။

အဆိုပါ ကျင်သီယာယီတံတားအား ယခုနှစ် မတ်လ (၃၀) ရက်တွင် ဆောက်လုပ်ပြီးစီးကာ ဒေသတွင်း ခရီးသွားများ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ယမန်နှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ညီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြားက တိုက်ပွဲများကြောင့် ဒေသတွင်းရှိ အဓိကကျသော တံတား(၅)စင်း ပျက်ဆီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

ဓာတ်ပုံ- CJ


LEAVE A REPLY

Please enter your comment!
Please enter your name here