ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် လာအိုသွားမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအပြင် မြန်မာ့အရေးလည်း ဆွေးနွေးပြောဆိုဖို့ရှိ

0
66

ပူပူနွေးနွေး ခန့်အပ်ခံထားရတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiempongsa ဟာ နှစ်နိုင်ငံ ဆက်ဆံရေး အားကောင်းစေရေးအလို့ငှာ လာအိုနိုင်ငံသို့ တစ်ရက်ကြာ တရားဝင် အလည်အပတ်ခရီးသွားရောက်မှာဖြစ်တယ်လို့ သံတမန်သတင်းရင်းမြစ်တစ်ခုက ပြောဆိုပါတယ်။

ဒါဟာ သူ့ရဲ့ ပထမဆုံးပြည်ပ တရားဝင် အလည်အပတ်ခရီးဖြစ်လာမှာပါ။ အစဉ်အလာအရ အသစ်ခန့်အပ်ခံရတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်သူဟာ ယင်း အိမ်နီးချင်းနိုင်ငံကို အဖွင့်ခရီးသွားရောက်ရလေ့ရှိတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်း လာအိုနိုင်ငံ ဝန်ကြီးချုပ် Sonexay Siphandone နဲ့ တွေ့ဆုံမှာဖြစ်ကာ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နဲ့ နှစ်ဖက်အကြောင်းအရာတွေကို ဆွေးနွေးမှုတွေလုပ်သွားမှာဖြစ်ပါတယ်။

နှစ်နိုင်ငံအရေးကိစ္စတွေအပြင် ဆွေးနွေးမယ့် ထိပ်တန်းအကြောင်း အရာတွေထဲမှာ အာဆီယံလက်ရှိ ဥက္ကဋ္ဌ လာအိုလက်ထက် အာဆီယံရေးရာတွေနဲ့ မြန်မာနိုင်ငံရှိ စစ်ဘေးဒဏ်သင့် ကျေးရွာတွေထံ လူသားချင်းစာနာမှုအကူအညီတွေ နယ်စပ်ဖြတ်ကျော် ပေးပို့နိုင်ရေး ဆက်လက်ကြိုးပမ်းနေမှုတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

လာအိုခေါင်းဆောင်မှုအောက်မှာ အာဆီယံရဲ့ ဆောင်ပုဒ်ဟာ “ပေါင်းစည်းမှုနဲ့ ခံနိုင်ရည်ကို မြှင့်တင်ခြင်း” ဖြစ်တယ်လို့ သိရပါတယ်။

Ref: Thai PBS WORLD


LEAVE A REPLY

Please enter your comment!
Please enter your name here