FIFA-MFF ယူ-၁၇ ပွဲစဉ်(၁၂) အပြီး အသင်းလိုက် အမှတ် ပေးဇယား ရပ်တည်မှု ရလာဒ်ထွက်ပေါ်

0
199

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် မြန်မာ နိုင်ငံဘောလုံးအ ဖွဲ့ချုပ်(MFF)တို့ ပူးပေါင်းကျင်းပနေသည့် FIFA-MFF ယူ – ၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲ ဒုတိယ အကျော့ပွဲစဉ် (၁၂) အ ပြီး အသင်းလိုက် အမှတ်ပေးဇယားရပ်တည်မှု ရလာဒ်ထွက်ပေါ်ခဲ့ပြီဖြစ်သည်။

အမှတ်ပေးဇယားရလာဒ် ရပ်တည်မှုအရ ရခိုင်ယူနိုက်တက်က (၃၄)မှတ်ဖြင့် အသင်းအားလုံး၏ ထိပ်ဆုံးတွင်ရပ်တည်နေပြီး၊ ရှမ်းယူနိုက်တက်က (၂၈)မှတ်ဖြင့်  ဒုတိယနေရာ၌ လည်းကောင်း၊ နေပြည်တော်ယူနိုက်တက်က (၂၅)မှတ်ဖြင့် တတိယနေရာ၌ လည်းကောင်း၊ ဆုလာဘ်မြင့်မိုရ် အသင်းက (၂၂)ဖြင့် စတုတ္တနေရာ၌ လည်းကောင်း အသီးသီး ရပ် တည်လျက်ရှိသည်။

ထို့ပြင် ပြိုင်ပွဲတစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်သူစာ ရင်းအရ ဆုလာဘ်မြင့်မိုရ်အသင်းမှ စည်သူဖြိုးက (၁၅)ဂိုး၊ ရခိုင်ယူနိုက်တက်အသင်းမှ ထူးဝဏ္ဏက (၁၂)ဂိုး၊ အာသာ ဝတီ ယူနိုက်တက်အသင်းမှ ကောင်းမြတ်အောင်က (၁၀)ဂိုးနှင့် ရှမ်းယူနိုက်တက်မှ ခေးရောင်မင်းလေးက (၉)ဂိုးဖြင့် အ များဆုံး သွင်းယူထားနိုင်ခဲ့သည်။

FIFA-MFF ယူ-၁၇ ပွဲစဉ် (၁၂) ဒုတိယ အကျော့အုပ်စုပွဲစဉ်များကို ဧပြီ (၂၆ )ရက်တွင် ပြန်လည်ကျင်းပခဲ့ပြီး၊ အသင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ကာအမှတ်ပေးဇယားထိပ်ဆုံးရပ်တည်နိုင်မည့်အသင်းမှာ ချန်ပီယံဆုဖလားရရှိမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here