လူငယ်များ၏ပညာရေး၊ လူမှုရေး၊ အမျိုးသားရေး၊ စာရိတ္တမဏ္ဍိုင် မြင့်မားရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

0
120

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရေးက ဏ္ဍ မြှင့်တင်ခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်နေကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ မေလ(၂၁) ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အ ခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့် သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပြောကြားရာတွင် ပညာရှာရမည့်အရွယ်တွင် ပညာရှာဖွေကြခြင်းသည် မှန်ကန်သည့် လုပ်ဆောင်ချက်ဖြစ်သကဲ့သို့ ပညာသင်ယူသည့် နေရာတွင်လည်း စာပေဘာသာရပ်တစ်ခုတည်းကို တတ်မြောက်ထူးချွန်ရုံသာမဟုတ်ဘဲ ပြင်ပစာအုပ်၊ စာပေများကိုဖတ်ရှုခြင်းဖြင့် ဖြန့်ကြက်တွေးခေါ်မြော်မြင်နိုင်မှုရှိအောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ရှေးယခင်ကပင် ရေကြောင်း၊ လေကြောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အစဉ်အလာများရှိခဲ့ပြီး ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိဝါ သနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ် ထွန်းလာစေရန် စသည့်ရည်ရွယ်၍ ၂၀၁၄ ခုနှစ်မှ စတင်ပြီး ရေကြောင်း၊ လေ ကြောင်း လူငယ်သင်တန်းများကို အခြေခံနှင့်တန်းမြင့်ဟူ၍ ခွဲခြားသတ်မှတ်ကာ နိုင်ငံတစ်ဝန်းတွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

နစက အစိုးရ တာဝန်ယူချိန်မှစ၍ လူငယ်များ၏ပညာရေး၊ လူမှုရေး၊ အမျိုးသားရေး၊ စာရိတ္တမဏ္ဍိုင် မြင့်မားရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးနေပြီး လူငယ်များ အနေဖြင့်လည်း စစ်မှန်သည့် တိုင်းပြည်ချစ်စိတ်များနှင့်အတူ
ကိုယ်စီရှိထားသည့် ကိုယ်ကျင့်စာရိတ္တကောင်းများကို မပျောက် ပျက်စေဘဲ မြင့်သထက်မြင့်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိပြီး သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် နောင်တစ်ချိန်တွင် တိုင်းပြည်ကအားကိုး အားထားပြုရမည့် သားကောင်း၊ သမီးကောင်း ရတနာများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခမ်းအနားတက်ရောက်လာသည့် လူငယ်မောင်မယ်များကို တိုက်တွန်းပြောကြားသွားသည်။

ယနေ့ကျင်းပပြုလုပ်သည့် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ် သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံသည့် အခမ်းအနားသို့ နစက ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီးတို့အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here