မလေးရှားနိုင်ငံ ဆလန်းကောပြည်နယ်အတွင်း  အော်ပရာစီ စတင်ဝင်ရောက်နေ၍ မြန်မာများ သတိထား နေထိုင်ကြရန် ဒေသတွင်း လူမှုကူညီရေးအဖွဲ့များသတိပေး

0
128

မလေးရှားနိုင်ငံ၊ ဆလန်ကောပြည်နယ်အတွင်း ယမန်နေ့ မေ လ(၂၀)ရက်က တရားမဝင် နေထိုင်သူများအား ဖမ်းဆီးစစ် ဆင်‌ရေး(အော်ပရာစီ)စတင် ဝင်ရောက်နေပြီဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများအနေဖြင့် သတိပြုနေထိုင်ကြရန် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)က အသိပေးထားသည်။

ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မလေးရှားနိုင်ငံ ၊ ဆလန်ဂေါပြည်နယ်၊ပူချွန်းမြို့၊မာကျူ့ဂျာရာရပ်ကွက်ရှိ စားသော က်ဆိုင် (food court)အနီးတွင် ရဲတပ်ဖွဲ့က အော်ပရာစီ စစ် ဆင်ရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ဒုတိယအကြိမ်ထပ်ဖမ်းပြန်ပြီ။ ရွှေမြန်မာများသတိထားကြပါ”ဟု မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)က သတိပေးနှိုးဆော်ထားသည်။

ယမန်နေ့ မေ(၂၀)ရက်နေ့၌ အီပို့တွင် အော်ပရာစီဖမ်းဆီးခဲ့ရာ အထောက်အထားမပြည့်စုံသူ (၂၃) ဦးကို ဖမ်းဆီးခံရပြီး၊ ဖမ်းဆီးရမိသူများအနက် အင်ဒိုနီးရှားနိုင်ငံသား အမျိုး သား (၁၄)ဦးနှင့် အမျိုးသမီး (၇)ဦး၊ ကလေးငယ်(၁)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၁) ဦးတို့ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

ထို့ပြင် မေ(၁၆)ရက်တွင် ဆလန်ဂေါပြည်နယ် ၊ ကလန်းဥတမတွင် သတင်း ပေးတိုင်ကြားမှုကြောင့် အထောက် အထား မပြည့်စုံသူ (၁၄၂)ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း မလေးရှားနိုင်ငံရောက် သတင်းအရင်းအမြစ်များထံက သိရသည်။

ယမန်နှစ်က ဇွန်လပိုင်းကလည်း မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်၊ ဆရီကမ်ဘန်ဂန်မြို့၊ ဆလန်ဂေါ လက်ကားဈေး အတွင်း အော်ပရာစီစစ်ဆင်ရေးအရ ဝင်ရောက်ဖမ်းခဲ့ရာ အထောက်အထား မပြည့်စုံသူ(၃၅)ဦး ဖမ်းဆီးထိန်းသိမ်းခံရသည့်အနက် မြန်မာ (၁၇)ဦး ပါဝင်ခဲ့သည်။

ထို့ပြင် UN ကတ် ကိုင်ဆောင်သူ မြန်မာအမျိုးသား (၄၂) ဦး နှင့် မြန်မာအမျိုးသမီး (၃)ဦး ကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – San Win(မလေးရှားနိုင်ငံ မြန်မာလူမှုကူညီရေးအဖွဲ့)


LEAVE A REPLY

Please enter your comment!
Please enter your name here