ရန်ကုန်၊ မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးပြီး အငှားများ

0
255

ရန်ကုန်နှင့် မန္တလေး အိမ်ခြံမြေဈေးကွက် အခြေအနေသည် လက်ရှိတွင် အရောင်းအဝယ် အေးနေပြီး ငှားရမ်းမှုသာ များနေကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်၍ အိမ်ခြံမြေဈေးနှုန်းများသည် မြင့်တက်မှု ဖြစ်ပေါ်ခဲ့ပြီး အိမ်ခြံမြေဝယ်ယူမှုမှာ (၂) နှစ်ဆက်တိုက် မြင့်တက်ခဲ့သည်။

သို့သော် လက်ရှိကာလတွင် အိမ်ခြံမြေဈေးကွက် အရောင်း အဝယ်ရပ်တန့်နေပြီး ငှားရမ်းမှုသာများနေကြောင်း မန္တလေး မှ အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ကိုင်သူတစ်ဦးကပြော သည်။

ရန်ကုန်မြို့အတွင်းရှိ အိမ်ခြံမြေ ဈေးကွက်တွင်လည်း လတ်တလောတွင် ငွေကျပ် သိန်း ၄၀၀ မှ သိန်း ၆၀၀ ကြားသာ အရောင်းအဝယ် များနေပြီး မြေကွက်နှင့် တန်ဖိုးမြင့် မြေကွက်များမှာ ဝယ်ယူသူ နည်းပါးနေပြီး ဈေးနှိမ့် ရောင်းချပါက ဝယ်ယူမည့်သူ ပုံမှန်ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here