အလုပ်သမားဆေးရုံကြီး (ရန်ကုန်)တွင် တစ်ရက်လျင် (၈)ယောက်နှုန်းဖြင့် အခမဲ့ ကျောက်ကပ်ဆေးကြောပေး

0
154

အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ရှိ ကျောက်ကပ်တု သွေးသန့်စင်ခန်းတွင် စက်လေးလုံးတပ်ဆင်ပြီး တစ်ရက် (၈)ယောက်နှုန်းဖြင့် အာမခံအလုပ်သမားများကို အခမဲ့ ကျောက်ကပ်ဆေးကြောပေးနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

တနင်္ဂနွေနေ့မှ အပ ကျန်ရက်များတွင် ဆောင်ရွက်ပေးနေပြီး အလုပ်သမားဆေးရုံကြီး (မန္တလေး) တွင်လည်း အ လားတူ ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီ (၃၀) ရက်တွင် အလုပ်သမားဝန်ကြီးဌာန ပြ ည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့်အဖွဲ့သည် တာမွေမြို့နယ် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)ရှိ အဆင့်မြှင့်တင်ပြုပြင်မွမ်းမံထားသော ပြင်ပလူနာဌာန ဖွင့်ပွဲအခမ်း အနားကို တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆို ပါ ဆေးရုံကြီးရှိ ကျောက်ကပ်တုသွေးသန့်စင်ခန်းတွင် စက်လေးလုံး တပ်ဆင်ကုသပေးနေမှုအခြေအနေနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျော က်ကပ်ဆေးကြောသည့် လူနာများကို အလှူငွေများ ပေး အပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် အ ကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့် ရှောက်မှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အလုပ်သ မားဆေးရုံကြီး (၃)ရုံကို ဆောက်လုပ်ပြီး အာမခံအလုပ် သမားများအတွက် ကောင်းမွန်ပြည့်စုံသည့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ၌ ပြင်ပလူနာဌာနနှင့် ကျောက်ကပ်တု သွေးသန့်စင်ခန်း အ ဆင့်မြှင့်တင်မွမ်းမံခြင်း များကို လူမှုဖူလုံရေးအဖွဲ့၏ ဘ ဏ္ဍာရန်ပုံငွေမှ ငွေကျပ် ၃၇ ဒသမ ၆၇ သန်းဖြင့် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သည်။

ထို့ပြင် အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျ န်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှ မ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေး ခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၁၅ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၄၉ ခန်း၊ Specialist OG OPD ပြသနိုင်သော ဆေးခန်း ၃၈ ခန်း၊ မီးဖွားခြင်းနှင့် ဆိုင်သော ဝန် ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း ၁၅ ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကျုံးဝင် အာမခံအလု ပ်သမားပေါင်း ၈၉၂၇၉၇ ဦးအတွက် လူမှုဖူလုံရေး ဆေး ခန်း ၁၅ ခန်း၊ Fee for Service Payment စာချုပ်ဆေးခ န်း ၃၄ ခန်း၊ Capitation Payment စာချုပ်ဆေးခန်း ခုနစ်ခန်းနှင့် Specialist OG OPD ပြသနိုင်သောဆေးခန်း ၂၆ ခန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လမှ ၂၀၂၄ ခုနှစ် မတ်လအထိ လူနာဦးရေ ၈၄၄၄၇ ဦးကို ဆေးဖိုးငွေကျပ် ၅၀၈၆ သန်း ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here