ရန်ကုန်အိမ်ထောင်စု စာရင်းဖြင့် နေပြည်တော်တွင် ပတ်စ်ပို့ Online Booking လျှောက်ထားနိုင်

0
246

နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းဖြင့် Online Bo oking လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးရက်ချိန်းစစ်ဆေးရန်နှင့် မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားရန် Online Appointment ပြုလုပ်ခြင်းကို လက်ရှိအချိန်အထိ ရက်ချိန်းရယူနိုင်သောရက်မှာ ရန်ကုန် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 11-11-2024၊ နေပြည်တော် နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံး 02-07-2024၊ မန္တလေး နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံး 13-09-2024၊ ပုသိမ် နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံး 06-08-2024၊ ပဲခူး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး 03-09-2024 ရက်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၄)  ရက်မှစ၍လည်းကောင်း၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့တွင် ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ (၂၆) ရက်မှစ၍လည်း ကောင်း Online Appointment System စနစ်ဖြင့် လုပ်ငန်း စဉ်အတိုင်း စိစစ်ထုတ်ပေးလျက်ရှိသည်။

မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးတို့တွင် ၂၀ ၂၄ မေလ (၂)ရက်မှစ၍ Online Appointment System ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသ ည်။

ထို့ပြင် ကယားပြည်နယ် အိမ်ထောင်စုစာရင်းဝင်သူများသ ည် ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်ဖြင့် တောင်ကြီးရုံးခွဲသို့ရွေးချယ် လျှောက် ထားနိုင်ပြီး ကျန်ပြည်နယ်/ တိုင်းဒေသကြီးများရှိ ရုံးခွဲများတွင် သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းဝင်များကိုသာ လ က်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံကူး လက်မှတ်လျှောက်ထားမည့် သူများသည် မေလ (၁) ရက် (၉) နာရီအချိန်မှစ၍ ရက်ချိန်းယူနိုင်ကြောင်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here