လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ရေဘဝဲ ပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့

0
423

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မတ်လတွင် ‌ရေဘဝဲပိဿာ ချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့န ယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲ ရုံပိုင်ရှင်များ ၏ ပြောပြချက်အရ သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော် ဝါရီလအတွင်းက ရေဘဝဲ ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လ (၁) ရက်မှ (၃၁) ရက်ထိ ‌‌ရေဘဝဲ ပိ ဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည် ။

အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ရေဘဝဲ အသေးလက်ရှည် တစ်ကီလိုလျှင် ငွေကျပ် ၁၉၅၀၀၊ ရေဘဝဲ လက်တို တစ်ကီလိုလျှင် ‌ငွေကျပ် ၁၇၅၀၀ ဈေးပေါက်နေကြောင်း သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ရေဘဝဲများအပြင် အခြားရေထွက်ကုန်များပါ တင်ပို့အားကောင်းလာသည့်အ တွက် ‌ရေလုပ်သားများ၊ တစ်နိုင်တပိုင် အရောင်းအဝယ်လု ပ်ငန်းရှင်များ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here