Samut Praken City FC ကွင်းလယ်ကစားသမား စည်သူအောင်ကို ရခိုင်အသင်း ခေါ်ယူ

0
311

ထိုင်းနိုင်ငံ‌ ဘောလုံးကလပ်တစ်ခုဖြစ်သည့်  Samut Praken City FC ၌ ကစားနေသော မြန်မာ့လက်ရွှေးစင်ကစား သမားဟောင်း ကွင်းလယ်လူ စည်သူအောင်ကို ရခိုင်ယူနိုက်တက်အသင်းက ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ယင်းအသင်းထံက သိရသည်။

စည်သူအောင်သည် အသင်း၏ ဂျာစီကျောနံပါတ် (၃၀) ဝတ် ဆင်ကာ ကစားသွားမည်ဖြစ်ပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲများတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ ရတနာပုံအသင်း၊ ရှမ်းယူနိုက်တက်အသင်းတို့အပြင် ထိုင်းကလပ်အသင်းများဖြစ်သ ည့် Chonburi FC, Ayutthaya Utd, Chinat Utd နှင့် လက် ရှိ Samut Praken City FC တို့တွင် ကစားခဲ့သူတစ်ဦးဖြစ် သည်။

၎င်းသည် ဘယ်တောင်ပံ ကွင်းလယ်လူ ကစားသမားဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်ပွဲစဥ်များ၌ ကစားခဲ့ကာ အသင်းတိုင်း ချန်ပီယံဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိထားသူလည်းဖြစ်သည်။

ထို့အပြင် AFC Cup, AFFChampionship, World Cup Qulifiers စသည့် နိုင်ငံတကာ ပွဲပေါင်းများစွာ ကစားခဲ့သောအတွေ့ အကြုံရှိပြီး Philippine Peace Cup 2014 ချန်ပီယံဆု ကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။

၎င်းသည် လှိုင်းဘိုဘို၊ ဒေးဗစ်ထန်း၊ အောင်သူ၊ ကျော်ကိုကို တို့နှင့် ကစားဖော်ဖြစ်ပြီ အရှေ့တောင်အာရှ SEA Game ပြိုင်ပွဲ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၉ လေးနှစ်ဆက်တိုက် ပါဝင်ကစားခွင့်ရသည့် ပထမဆုံး မြန်မာဘောလုံးသမားအ ဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

၂၀၁၅ စင်္ကာပူ ဆီးဂိမ်းတွင်  ငွေတံဆိပ်ရယူပေးခဲ့သည့်အ ပြင် ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆု (၅ဂိုး)နှင့် မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပြီး ၂၀၁၉ ဆီးဂိမ်းမှာလည်း ကြေးတံဆိပ် ရယူပေးခဲ့သူတစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here