လာမည့်ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ (၂၃) ရက်တွင် စတင်မည်

0
70

လာမည့်ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက်မှ စတင်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

၂၀၂၄ -၂၅ ပညာသင်နှစ်၏ အခြေခံပညာကျောင်းအပ်လ က်ခံခြင်းကို မေ (၂၃) ရက်မှ မေ (၃၁) ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းဖွင့်ချိန်မှာ ဇွန် (၃) ရက်ဖြစ်ကြော င်း သိရသည်။

ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်၊ ဗလာ စာအုပ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာရေးကိရိယာများကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခက်အခဲအ မျိုးမျိုးကြောင့် ကျောင်းအပ်နှံမှု နောက်ကျသူများကို ဇွန်လကုန်အထိ ကျောင်းအပ်လက်ခံပြီး တစ်နိုင်ငံလုံးအတိုင်း အ တာအနေဖြင့် ကျောင်းသားကျောင်းသူ (၇) သန်းဝန်းကျင် ကျောင်းတက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here