အနောက်နိုင်ငံများက ယူကရိန်းကို F-16 လေယာဉ်များသာမက လက်နက်များပါ ပေးဦးမည်ဟု အမေရိကန်ဆို

0
79

အနောက်အုပ်စုနိုင်ငံများက ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်များသာမက ၎င်းတို့အတွက် လက်နက်များပါ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမေရိကန် ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ချားလ်စ်ဘရောင်းက ပြောကြားခဲ့သည်။

F-16 တိုက်လေယာဉ် လေယာဉ်မှူးများ၏ လေ့ကျင့်မှု၊ ပြုပြင်ထိန်းသိမ်းမှု လေ့ကျင့်ရေးတို့ကိုပါ ပံ့ပိုးသွားမည့်အပြင် သူတို့နှင့် လိုက်လျောညီထွေဖြစ်စေမည့် လက်နက်စနစ်များ ရှိစေရန် စီစဉ်ပံ့ပိုးသွားမည်ဖြစ်ကြောင်းကိုလည်း အမေရိကန် ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ချားလ်စ်ဘရောင်းက ပြောကြားသည်။

“အဲဒါက လေယာဉ်ပျံတက်ရုံတင်မကဘဲ စွမ်းရည်ပြည့်အောင် လုပ်ရမယ့် ကိစ္စတွေပါ” ဟု ဗိုလ်ချုပ်ကြီး ချားလ်စ်ဘရောင်းကပြောသည်။

အမေရိကန် F-16 တိုက်လေယာဉ်များ ပျံသန်းနိုင်ရေးအတွက် ဗြိတိန်၊ ဒိန်းမတ်၊ အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့တွင် ယူကရိန်း လေယာဉ်မှူး ၅ ဖွဲ့ကို လေ့ကျင့်ပေးနေကြောင်း ဧပြီလ အစောပိုင်းတွင် ယူကရိန်းက ပြောကြားခဲ့သည်။ နယ်သာလန်ကလည်း F-16 အစင်းရေ ၄၂ စီးကို ယူကရိန်းသို့ လွှဲပြောင်းပေးမည်ဟု ၂၀၂၃ ခုနှစ် ဩဂုတ်လကုန်ကတည်းကပင်လျှင် ပြောကြားခဲ့သည်။ F-16 တိုက်လေယာဉ်များသည် နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သည့် လေယာဉ်များဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးခဲ့ပြီး ရုရှားက ၎င်း၏ တိုက်ခိုက်ရေးလုပ်ငန်းများတွင် ယင်းအချက်ကို ထည့်သွင်းစဉ်းစားမည်ဟုပါ ထပ်လောင်း သတိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here