ဆီဆိုင်မြို့အနီး တိုက်ပွဲတွေကြောင့် ဒေသခံ တစ်ထောင်ကျော် ထပ်မံတိမ်းရှောင်နေရ

0
314

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့အနီးက တိုက်ပွဲများကြောင့် ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

မေလ (၂၀) က စတင်ပြီး ဆီဆိုင်မြို့အနီးက ထီရီး၊ ပုံလောင်းနှင့် နောင်ထော်ရွာများတွင် တပ်မတော်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA)တို့ တိုက်ပွဲများပြန်လ ည် ဖြစ်ပွားနေကြခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံအများစုသည် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ရွာသို့ စစ်ရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

“အားလုံးနီးပါး ပြေးပြီ၊ ဆိုက်ခေါင်က ဘုန်းကြီး ကျောင်းမှာ” ဟု အဆိုပါ ဒေသခံက ပြောသည်။

စစ်ရှောင်သူများသည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရွာအပြင် ဘန်းယဉ်မြို့၊ ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့ပေါ်နေရာများသို့ စစ်ရှောင်နေကြရကြောင်းလည်း သိရသည်။

ထိုကဲ့သို့ စစ်ရှောင်နေရသူများတွင် ကလေး၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အများဆုံးပါဝင်နေကြောင်းလည်း သိရသည်။မိုးကျလျှင်​တော့တိုက်ပွဲများပါးတန်​ကောင်းရဲ့ဟု စစ်​ရှောင်များက ​မျော်လင့်​နေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here