ရန်ကုန်မြို့တော်စည်ပင်နှင့် ပုဂ္ဂလိကအကျိုးတူပူးပေါင်း‌၍ တာမွေအဆင့်မြင့်ဈေး တည်ဆောက်မည်

0
3789

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် One One One Co.,Ltd တို့ အကျိုးတူပူးပေါင်းကာ တာမွေအဆင့်မြင့်ဈေး‌ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါ ဈေးတည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်း အကျိုးတူပူး‌ပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ကို ယနေ့ ဧပြီလ (၃၀) ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တာမွေအဆင့်မြင့်ဈေး တည်ဆောက်ခြင်းဆိုင်ရာလုပ်ငန်း အကျိုးတူပူး‌ပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ကို ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန၊ ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးသန်းထိုက် နှင့် One One One Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးရဲရင့်အောင်တို့က စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တာမွေအဆင့်မြင့်ဈေးတွင် Basement (၆) ထပ် ဈေးရုံကြီး (၁) ရုံ၊ Shophouse ၃ ထပ် အဆောက်အဦ (၃၄) လုံး၊ နို့ဈေး (၂) ထပ်အဆောက်အဦ (၁) လုံး၊ (၁၀) ခန်းတွဲ (၂)ထပ်အိမ်သာ (၁) လုံး၊ 3.5 MVA ဓာတ်အားခွဲရုံ (၁) ရုံ၊ Bin Center (၁) ခုနှင့် ဈေးတာဝန်ခံရုံးခန်းတို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here