တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများသို့ အဝေးပြေးကုန်စည်ယာဉ်လိုင်းများ ပြေးဆွဲမှုရပ်နားထားရဟုဆို

0
137

အဝေးပြေး ကုန်စည်ယာဉ်လိုင်းများအနေဖြင့် တိုက်ပွဲဖြစ် ပွားနေသည့် ဒေသများသို့ ပြေးဆွဲမှုရပ်နားထားရကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

လက်ရှိတွင် ရန်ကုန် – မန္တလေး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်းပိုင်းဒေသ၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းနှင့်အနောက်ပိုင်း ဒေသများသို့ အဝေးပြေးကုန်စည်လိုင်းများအနေဖြ င့် အဓိကပြေးဆွဲနေရပြီး အခြားဒေသများအား ကုန်စည်ပြေးဆွဲမှု ယာယီရပ်နားထားရကြောင်း သိရသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများသို့ အဝေးပြေးကုန်စဘည်ယာဉ်လိုင်းများ မပြေးဆွဲရသည်မှာ လနှင့်ချီရှိပြီဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်ဂိတ် ပြန်မဖွင့်သေးခြင်းနှင့် မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်သော်လည်း စိတ်မချရသေးသောကြောင့် ရှမ်းပြည် နယ်အရှေ့ပိုင်း မိုင်းလားဒေသမှ တရုတ်နိုင်ငံနှင့်လည်းကော င်း၊ တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံနှင့်လည်းကောင်း ကုန်သွယ်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် လက်ရှိကုန်စည်စီးဆင်းမှု၏ ကုန်ကျစရိတ်မှာ (၁၂) ဘီးကုန်ကားတစ်စီးလျှင် ရန်ကုန်မှ ကျိုင်းတုံ-တာချီလိတ်သို့ ကျပ်သိန်း (၆၀) အထိ ကုန်ကျပြီး ရန်ကုန်-မန္တလေးအတွက် ကျပ် (၉) သိန်းခွဲခန့် ကုန်ကျကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here