တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်သင်္ဘောတွေကို စကာဘိုရော့ချ် သောင်ခုံကျောက်တန်းမှ မောင်းထုတ် 

0
145

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် သင်္ဘောတစ်စင်းနဲ့ အခြားသင်္ဘောတစ်စင်းကို စကာဘိုရော့ချ်သောင်ခုံကျောက်တန်းအနီး ရေပြင်ကနေ မောင်းထုတ်ခဲ့တယ်လို့ တရုတ်ကမ်းခြေစောင့်တပ်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ 

ကမ်းခြေစောင့်တပ်က အသေးစိတ်သတင်းအချက်အလက်တွေကို ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ခြင်း မရှိပေမယ့် ဒါဟာ တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေတဲ့ သောင်ခုံအရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား နောက်ဆုံးပေါ်ပေါက်လာတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်အပေါ် ဖိလစ်ပိုင်က အင်္ဂါနေ့မှာ ပြောဆိုရာမှာတော့ တရုတ်ကမ်းခြေစောင့်တပ်ဟာ ကျောက်တန်းအနီး ကင်းလှည့်နေတဲ့ ၎င်းတို့ သင်္ဘောနှစ်စင်းကို ရေအမြောက်နဲ့ ထိုးပက်ခဲ့ကြောင်း သင်္ဘောတစ်စီး ထိခိုက်မှုဖြစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ 

ဒီထိခိုက်ပျက်စီးမှုဟာ ဖိလစ်ပိုင် သင်္ဘောတွေကို တရုတ်က ကမ်းခြေစောင့်တပ်က နှောင့်ယှက်ရာမှာ ဖိအားပြင်း ရေအမြောက်တွေ အသုံးပြုခဲ့ခြင်းကို သက်သေပြလိုက်တာဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဖိလစ်ပိုင်က ၎င်းရဲ့ အထူးစီးပွားရေးဇုန်အတွင်း ပါဝင်တယ်လို့ ပြောထားသလို တရုတ်ကလည်း ၎င်းပိုင်အဖြစ် အခိုင်အမာဆိုထားတဲ့ သောင်ခုံကျောက်တန်းမှာ မကြာခင်လတွေအတွင်း ပေကျင်းနဲ့ မနီလာအကြား ကတောက်ကဆဖြစ်မှုတွေ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါနေရာမှာ ရန်လိုတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲမှုတွေလုပ်ခဲ့ကြကာ ယင်းလုပ်ရပ်တွေနဲ့ ပတ်သက်လို့ မကြာခင်က တရုတ်သံတမန်တစ်ဦးကို ဖိလစ်ပိုင်က ဆင့်ခေါ် ကန့်ကွက်မှုလုပ်ခဲ့ပါတယ်။ 

Ref: ရိုက်တာ၊ WION


LEAVE A REPLY

Please enter your comment!
Please enter your name here