ကူးသန်း​ရောင်းဝယ်ရေးသင်္ဘောနှစ်စင်းနှင့် အမေရိကန်ဖျက်သင်္ဘောနှစ်စင်းတို့ကို ဟူသီတို့ တိုက်ခိုက်ပြန်

0
430

ယီမင်နိုင်ငံ အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေသည့် ကူးသန်းရောင်းဝယ်ရေးသင်္ဘော Cyclades နှင့်  အိန္ဒိယသမုဒ္ဒရာအတွင်း ဖြတ်သန်းသွားလာနေသည့် ကူးသန်းရောင်းဝယ်ရေးသင်္ဘော MSC Orion တို့ကို တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဟူသီပြောခွင့်ရ  Yahya Saria က ပြောသည်။

ထို့အပြင် ပင်လယ်နီတွင်းရှိ အမေရိကန်ဖျက်သင်္ဘောနှစ်စင်းအားလည်း ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက် ပြောကြားသေးခဲ့သည်။ ဒရုန်းများသည် “သူတို့၏ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သည်”ဟုလည်း သူကပြောသည်။

ဂါဇာကမ်းမြှောင်တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခများ ပြင်းထန်လာပြီးနောက်၊ အစ္စရေးနှင့် ဆက်နွှယ်သည့် သင်္ဘောများကို  ဟူသီများက ပင်လယ်နီနှင့် Bab el-Mandeb ရေလက်ကြားအထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခဲ့သည်။ ထို့နောက် ပြီးခဲ့သည့် နိုဝင်ဘာလကစတင်၍ ဟူသီတို့သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ရှိ အရပ်ဘက်သင်္ဘော ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့သည်။

ဟူသီတို့ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကလည်း ပင်လယ်နီအတွင်းတွင်  ဂါးဒီးယန်းစစ်ဆင်ရေးကို စတင်ခဲ့သည်။ စစ်ဆင်ရေးစတင်သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့ ညတွင်းချင်းပင် အမေရိကန်နှင့် ဗြိတိန် လက်နက်ကိုင် တပ်ဖွဲ့များသည် ယီမင်နိုင်ငံရှိ ဟူသီတို့ ထိန်းချုပ်ထားသည့် နေရာအတော်များများကို လေယာဉ်၊ စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ အသုံးပြု၍ ပူးတွဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here