ဟုမ္မလင်းမြို့၊ နမ့်ပင အသေးစားရေအားလျှပ်စစ် စီမံကိန်း​ဖော်​ဆောင်မူ တဝက်​ကျော်လာပြီဖြစ်ပြီးတနှစ်အတွင်း အပြီးလုပ်မည်

0
140

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီး တည်ဆောက်နေသည့် နမ့်ပင အသေးစားရေအားလျှပ်စစ် စီမံကိန်းတည် ဆောက်ရေး လုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ပင အသေးစား ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ပြီးပါက တပ်ဆင်စက်အင်အား ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှ ပ်စစ်ဓာတ်အား – ၃၄.၆၈ သန်း ကီလိုဝပ်နာရီပျဉ်းမျှ ထုတ် လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်းတည် ဆောက်မှုသည် လုပ်ငန်းအားလုံး၏ ၅၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး Concrete Gravity Dam တမံအမျိုး အစားဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တို င်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလို က်ပါလျက် ဧပြီလ ၂၈ ရက်၊ မွန်းလွဲပိုင်းက နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း ကိုသွားရောက်စစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here