ဝနဝါသီ ဉေယျဓမ္မသာမိထေရ် မဟာ​ဗောဓိမြိုင်ဆရာ​တော်ဘုရားကြီး ခန္ဓာဝန်ချ

0
145

ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊​နေယျဓမ်​တောရ၌ ယ​နေ့ ဧပြီ ၃၀ ​နေ့လည် ၁နာရီ ၁၀မိနစ်တွင် ဆရာ​တော်ဘုရားကြီးခန္ဓာဝန်ချသွားပြီဖြစ်သည်။

ယမန်​နေ့ကစတင်အဖျားတက်ခဲ့ရာ သမား​တော်များပင့်​သော်လည်း မသက်သာခဲ့ဘဲ ခန္ဓာဝန်ချသွားခြင်းဖြစ်သည်။ဆရာဝန်များ၏ ​ဆေးစစ်ချက်အရ ​ကျောက်ကပ်နှင့်သက်​ဆိုင်​သော ​ရောဂါ က အဓိကဖြစ်ကြောင်း သိရသည်။

ပျံလွန်​တော်မူချိန်တွင် သက်​တော် ၈၃ နှစ်၊သိက္ခာ​တော် ၄၅ ဝါ ရှိ​ပြီဖြစ်သည်။

လွန်ခဲ့သည့်တစ်ပတ်က ဒကာရင်းမိသားစုအား​ခေါ်ယူ ၍ အရပ်ရပ်​သော ကိစ္စရပ်များအားကြိုတင်မှာကြားပြီးဖြစ်​ကြောင်း နီးစပ်​သော တပည့်များထံမှသိရသည်။

နယ်​ဝေးတွင်ရှိ​နေ​သော တပည့်ဒကာများက ​နေယျဓမ်သို့ သွားရန်ပြင်ဆင်​နေကြပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here