Online Trading Platform မှတဆင့် တရုတ်ယွမ် ၅ သန်း နှင့် ထိုင်းဘတ် သန်း ၃၀ ထပ်မံ ရောင်းချပေးမည်

0
92

မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် Online Trading Platform မှတဆင့် တရုတ်ယွမ် (၅)သန်းနှင့် ထိုင်းဘတ် သန်း(၃၀)ကို မေလ (၂) ရက်တွင်  ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအတွက် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို On line Trading Platform မှတဆင့် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များ ရောင်းချပေးလျက်ရှိနေပြီး ဖေဖော်ဝါရီ (၂) ရက်မှစတင်၍ ယနေ့အထိ (၉)ကြိမ်ရောင်းချပေးထားပြီး ဖြစ်သည်။

စုစုပေါင်းရောင်း ချထားသည့် နိုင်ငံခြားငွေပမာဏမှာ ဒေါ် လာ (၂၁)သန်း၊ တရုတ်ယွမ် (၁၄) သန်းနှင့် ထိုင်းဘတ် (၁၉၆) သန်း ထုတ်ရောင်းထားပြီးဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် Online Trading Platform မဟုတ်သ ည့် နိုင်ငံခြား ငွေဈေးကွက်သို့ ဇန်နဝါရီ (၁) ရက်မှစ၍ မတ်လ (၄) ရက်အထိ နှစ်လကျော်အတွင်း ဒေါ်လာ (၁၅) ကြိမ်ထုတ်ရောင်းပေးထားပြီး အဆိုပါ (၁၅) ကြိမ်အတွင်း ဒေါ် လာ ၁၄၉ ဒသမ ၃၁ သန်း ထုတ်ရောင်းပေးထားကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ (၁၉) ရက်မှစ၍ မတ်လ (၄) ရက်အထိ တစ်လခွဲအတွင်း ထိုင်းဘတ်သန်း ၁၃၀၀ ထုတ်ရောင်းပေးထားသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်ငွေများကို ဆက်တိုက်ထုတ်ရောင်းပေးနေသော်လည်း ဈေးကွက်အတွင်း ဈေးကျဆင်းခြင်းမရှိပဲ တစ်ဒေါ်လာ ၃၉၇၀ ကျပ်အထိ ဈေးမြင့်တက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here