ပြည်နယ်နှင့် တိုင်းအားလုံး၌ မေလ (၃) ရက်မှ (၅) ရက်အတွင်း အချိန်အခါမဟုတ် မိုးရွာမည်

0
290

လာမည့် မေလ (၃) ရက်မှ (၅) ရက်အတွင်း ရန်ကုန် နှင့် မြန်မာပြည် အလယ်ပိုင်း ဒေသများအပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသကြီးအားလုံးတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။

အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အ ရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တ လေး တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေ သကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရ ခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြ ည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချု န်းရွာနိုင်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြ င်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလ က်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှု အား ကောင်းသော ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here