ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် (၃၃)လုံး ဆုံးရှုံး

0
73

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ်ကွက်၊ မဉ္ဇူလမ်းနှင့် ဗေဒါလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ် (၃၃)လုံး ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၂၆) စုမှ မီးဘေးသင့် ပြည်သူ (၁၁၂) ဦးကို ရွှေပြည်သာရွာမ ကျောင်းတိုက်တွင် ထားရှိထားကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

ထို​နေရာတွင် ဧပြီ (၂၉)ရက် နေ့လယ် (၁၂)နာရီ (၄)မိနစ် အ ချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ  မီးသတ်ယာဉ် (၃)စီး၊ ဝိပါက လူမှုကူညီရေးအသင်းနှင့်  ဒေသခံများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာမှ နေ့လယ် (၁၂)နာရီ (၁၀)မိနစ်အချိန်တွ င် မီးလောင်မှုမှ Level 1 အဆင့်သို့ ရောက်ရှိခဲ့ပြီး  ယာဉ်အုပ် စု ထွက်ခွာငြှိမ်သတ်ခဲ့ရပြီး နေ့လယ် (၁၂)နာရီ (၁၈)မိနစ်အ ချိန် မီးထိန်းနိုင်ခဲ့ကာ နေ့လယ် (၁၂)နာရီ (၃၃)မိနစ်အချိန်တွ င် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သ ည့် နေအိမ် (၃၃) လုံးမှ အိမ်ထောင်စု (၂၆) စု၊ မီးဘေးသင့်ပြည်သူ (၁၁၂)ဦးကို  ရွှေပြည်သာရွာမကျောင်းတိုက်တွင် ထားရှိထားပြီး မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လ က် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here