ကော့ကရိတ်မြို့ခံ စစ်ဘေးရှောင်များမြို့တွင်းသို့ ပြန်လာပြီဖြစ်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များလုပ်ဆောင်နေ

0
50

တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်များ နေရပ်ပြန်လည်ဝင်ရောက်လာပြီဖြစ်ပြီး ယမန်နေ့ ဧပြီ(၂၈)ရက်မှစတင်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင် ရွက်နေပြီဖြစ် ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

လက်ရှိတွင် ကော့ကရိတ်မြို့တွင်းရှိ လျှပ်စစ်မီးကြိုးများ၊ လမ်းများပေါ်တွင် ပိတ်ဆို့နေသော အတားအဆီးများကို ပြန်လည်ဖယ်ရှားပေးနေသည်ကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” လောလောဆယ်တော့ လျှပ်စစ်မီးကြိုးတွေ လူသွားလမ်းပေါ်က ပိတ်နေတာတွေ ရှင်းနေတာတွေ့ရတယ်။ ဒေသခံတွေရဲ့ နေအိမ်ပြန်လည်ထူထောင်ရေး ကိစ္စတွေကတော့ အရေးကြီးတယ်။ ပျက်စီးသွားတဲ့ အိမ်တွေကိုလည်း ပြန်လည်ပြင်ဆင်ဆောက်လုပ်ပေးစေချင်ပါတယ်။ အများကြီးမတက်နိုင်ရင်တောင် မိုးမဝင်ခင် ဒေသခံတွေ မိုးဒဏ်လေဒဏ်ခံနိုင်အောင် နေစရာလေးတွေ စီစဉ်ပေးချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီ(၂၆)ရက်မှ စတင်ကာ ကော့ကရိတ်မြို့အတွင်းသို့ ဒေသခံတိုက် ပွဲရှောင်ပြည်သူများ ပြန်လည်ဝင်ရောက်လာနိုင်ပြီ ဖြစ်ကြောင်း ဒေသအာဏာပိုင်များက ပြောဆိုထားပြီး ဒေသခံအချို့ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

KNLA နှင့် ပူးပေါင်းတပ်များ ကော့ကရိတ်မြို့မှ ဆုတ်ခွာသွားပြီးနောက်ပိုင်း  တပ်မတော်ဘက်မှ ဧပြီ(၂၅)ရက်တွင် မြို့တွင်းလုံခြုံရေးအတွက် ကြွင်းကျန်နေတတ်သော စစ်လက်နက်ပစ္စည်းများနှင့် မိုင်းကြွင်း မိုင်းကျန်များကို ရှင်းလင်း ဖယ်ရှားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁)ရက်က စတင်ဖြစ်ပွားခဲ့သည့် တို က်ပွဲများကြောင့် ကော့ကရိတ်မြို့ရှိ ဒေသခံများအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူများ ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here