မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ဆိပ်ကမ်းလုပ်ငန်းရှင်များ ၏ ထည့်ဝင်ငွေဖြင့် သီလဝါဆိပ်ကမ်း ဥပစာလမ်း လေးလမ်းသွား လမ်းသစ်ဖွင့်

0
104

 ဧပြီ (၂၈) ရက်တွင် သီလဝါဆိပ် 

ကမ်းဥပစာလမ်း လေးလမ်းသွား လမ်းသစ်ကိုဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ ပိုင်ဆိုင်မှုပမာဏများပြားလာပြီး သီလဝါဧရိယာရှိ စက်သုံးဆီဆိပ် ကမ်းတံတားများကို ပုဂ္ဂလိကသို့ ရင်း နှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပြုထားသည့်အတွက် စက်သုံးဆီ တင်ကားကြီးများဖြင့် ခေါက်ရေပိုမိုသုံးစွဲလာမှုကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်လာသည့်အတွက် အဆိုပါ လမ်းသစ်ကို ဖော်ဆောင်ခြင်းဖြစ်ကြော င်း သိရသည်။

ယင်းကဲ့သို့ လမ်းပိတ်ဆို့မှုများကြောင့် သီလဝါဆိပ်ကမ်း ဥပစာလမ်းကို လမ်းလယ်ကျွန်းအပါ လေးလမ်းသွား လမ်းသစ်အဖြစ် အဆင့်မြှင့်တင် တိုးချဲ့ဖောက်လုပ်ပေးရခြင်းဖြစ် ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။

နိုင်ငံတကာ ကုန်သွယ်မှုအတွက် ဝင်/ထွက်ပေါက်ဖြစ်သည့် သီလဝါ ဆိပ်ကမ်းဧရိယာအတွင်း ပင်လယ်ရေကြောင်းဖြင့် တင်သွင်း၊ တင်ပို့ကြမည့်ကုန်စည်များ၊ ကုန်သေတ္တာများကို လွယ်ကူလျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးတို့အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကြီးကြပ်မှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းတို့၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ သီလဝါဆိပ်ကမ်းတံတား လုပ်ငန်းရှင်များ၏ အချိုးကျငွေကြေးထည့်ဝင်မှုနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်တာဝန်ခံ စီမံခန့်ခွဲမှုတို့ဖြင့် သီလဝါဆိပ်ကမ်းဥပစာလမ်း၊ လေးလမ်းသွား လမ်းသစ်ကြီးကို တိုးချဲ့ဖောက်လုပ် ခဲ့သည်။

အဆိုပါ လေးလမ်းသွားလမ်းသစ်သည် (၅)မိုင် (၂)ဖာလုံရှည်လျားပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ဆိပ်ကမ်းလုပ် ငန်းရှင်များ၏ ထည့်ဝင်ငွေစုစုပေါင်း ငွေကျပ် ၂၈ ဒသမ ၃၅၀ ဘီလီယံ ခန့် ကုန်ကျခဲ့ပြီး လေးလမ်းသွား မြေသားတာပေါင်ချဲ့ခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေဖြင့် ကြိုတင်ဖော က်လုပ်ပေးထားကြောင်း သိရသည်။

ထို့ပြင်  သီလဝါဆိပ်ကမ်း ဧရိယာအတွင်း ယခင်ကကဲ့သို့ ကုန်တင်ယာဉ်၊ စက်သုံးဆီတင်ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိနိုင်တော့ဘဲ ကုန်စည်စီးဆင်းမှုများလည်း ယခင်ထက် အချိန်ကုန်သက်သာလာမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here