ဝေါမြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိန်း (၂၄၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြားများ ဖမ်းဆီးရမိ

0
266

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် အမျိုးသား (၁)ဦးမှ ခရီးသည်တင်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ်သိ န်း (၂၄၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထု တ်ပြန်ချက်အရ သိရသည်။ 

မေလ (၁၃) ရက်၊ ည (၉)နာရီ (၁၅)မိနစ် အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝေါမြို့ နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။  

ထိုသို့ ရှာဖွေရာ မော်လမြိုင်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ် တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီး သည် စိုင်းလှဝင်း(ခ)လှဝင်း သယ်ဆောင်လာသည့် ဆာလာ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀၀ ပြား (ကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၄၀၀)နှင့် လက်ကို င်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။  

ထို့ကြောင့် စိုင်းလှဝင်း(ခ)လှဝင်း(၄၂)နှစ်အား ဝေါမြို့မ ရဲစ ခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်း ဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here