ကျိုင်းတုံတွင် ရွှေဆိုင်ဓားပြတိုက်ခံရ၊ ကျူးလွန်သူများကို  နာရီပိုင်းအတွင်း ဖမ်းမိ

0
278

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဖွင့်လှစ်ထားသ ည့် “နှင်းဆီ”ရွှေဆိုင် ယမန်နေ့ ညနေပိုင်းက ဓားပြတိုက်ခံရပြီး ကျူးလွန်သူများကို နာရီပိုင်းအတွင်း ဖမ်းမိလိုက်သည်။

ကျိုင်းတုံမြို့၌ “နှင်းဆီ” ရွှေဆိုင် ဆိုင်ခွဲ (၃) ဆိုင်ရှိသည့်အနက် ဆိုင်ခွဲ (၃) ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများ ၏ လူမှုကွန်ရက်တွင် မျှဝေထားသည်။ 

“တိုက်သွားတာ လေးနာရီခွဲလောက်က၊ လူသုံးယောက် ဝင်လာပြီး တိုက်တာ” ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ၄င်းလူမှုကွန်ရက်စာမျက်နှာတွင် ဆိုထားသည်။

ဓားပြတိုက်လုယက်သူများကို ကျိုင်းတုံမြို့၊ တာပင်းဘက်၌ ည (၇)နာရီခန့်တွင် ပြန်လည် ဖမ်းဆီးမိခဲ့ပြီး ကျိုင်းတုံ (စရတ) သို့ ပို့ဆောင်ကာ စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here