Sunday, June 7, 2026

ပုဂံဒေသ သုတေသနလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး...

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ သုတေသနနှင့် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျနှင့် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် ဟိုတယ်နှင့်ခရီးသွားလာရေး၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တိုက်တွန်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ပုဂံဒေသရှိ ငကျွဲနားဋောင်းဘုရား...

တောင်ငူမြို့ ဖွံ့ဖြိုးရေးစီမံကိန်းများ ကြည့်ရှုစစ်ဆေးသည့် နိုင်ငံတော်သမ္မတ၊...

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးစီမံကိန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးရထားပို့ဆောင်ရေးနှင့် အားကစားအခြေခံအဆောက်အအုံများ...

သမိုင်းအစဉ်အလာကြီးမားသည့်ကေတုမတီနန်းတော်ရာနှင့် ရှေးဟောင်းအမွေအနှစ်များ စနစ်တကျဖော်ထုတ်ထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ...

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ သမိုင်းအစဉ်အလာကြီးမားသည့် ကေတုမတီနန်းတော်ရာ၊ မြို့ရိုးနှင့် ကျုံးများကို စနစ်တကျ သုတေသနပြုဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့ကြောင်း...

တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့ကို...

တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့ကို အထူးဖွံ့ဖြိုးရေးဒေသများအဖြစ်အကောင်အထည် ဖော်ဆောင်ရွက်နေသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၆ ရက်တွင် ပဲခူးတိုင်း၊...
HomeArticlesအချစ်နဲ့ ပတ်သက်လို့ ...

အချစ်နဲ့ ပတ်သက်လို့ လူငယ်တွေကို ဆရာမဂျူးဖတ်စေချင်တဲ့ ဝတ္ထုစာအုပ်များ

juu

လူငယ်တွေအတွက် အချစ်ဝတ္ထုတွေကို တစိုက် မတ်မတ်ရေးသားရင်း အောင်မြင်မှု ရနေတဲ့ ဆရာမဂျူး ကတော့ လူငယ်တို့ အကြမ်းမဖက်ဘဲ ချစ်ခင်ကြဖို့ နူးညံ့ တဲ့ စာတွေဖတ်စေချင်ကြောင်း ပြောပြပါတယ်။

” သူတို့ရဲ့ စိတ်နှလုံးသားလေး တွေ နူးညံ့လာ အောင် ဖတ်စေချင်တဲ့ စာအုပ်မျိုးဆိုရင် အရင်ခေတ်က ဆရာမတို့ အင်မတန် သဘောကျတာက တက္ကသိုလ် ဘုန်းနိုင်ပေါ့။ တက္က သိုလ်ဘုန်းနိုင်ရဲ့ ဇာတ်လိုက်တွေက သူရဲ့ချစ်သူ အမျိုးသမီးတွေကို ချစ်တယ်။ အင်မတန် နူးညံ့သိမ်မွေ့တဲ့ အချစ်နဲ့ပေါ့။ မိခင်ကိုချစ်သလို အစ်မ ကိုချစ်သလို၊ ညီမလေးကို ချစ်သလိုမျိုးပေါ့။ အဲဒီ အချစ်နဲ့ ရောပြီးတော့ အင်မတန် နူးညံ့ဖြူစင်တဲ့ အချစ်မျိုးလေးတွေ ပါတာပေါ့။ မထိရက်၊ မကိုင်ရက် သူ့မျက်နှာ ညှိုးသွားမှာ၊ သူ့ခန္ဓာကိုယ် ထိခိုက်သွားမှာကို စိုးရိမ်တဲ့စိတ်က ဆရာရဲ့ ဝတ္ထု ထဲက ဇာတ်ကောင် တွေမှာ မြင်ရတယ်” လို့ ဆရာမဂျူးက ချစ်သူ ကောင်လေးက သူ့ချစ်သူကောင်မလေးအပေါ် ချစ် တဲ့အချစ်အကြောင်း ဇာတ်ကောင် စရိုက်ကို ပြောပြပါ တယ်။ အခု ဒီဘက်ခေတ်မှာကျတော့ ဆရာလင်္ကာ ရည်ကျော်ရဲ့ ဇာတ်ကောင် ချစ်သူကောင်လေးတွေ အကြောင်းကို နှစ်သက်သဘောကျမိတယ်လို့လည်း ဆရာမဂျူး ဆက်ပြောတာက…

“ဆရာလင်္ကာရည်ကျော်ရဲ့ အမျိုးသားဇာတ်ကောင် တွေလည်း ချစ်သူတွေ ထားတာပဲ။ ချစ်သူတွေကို ချစ်ကြ တာပဲလေ။ အဲဒီလိုချစ်တဲ့အချိန်မှာ သူတို့ရဲ့စိတ်က ဖြူစင်တဲ့စိတ်နဲ့အတူ အကုန်ရောနေတာပေါ့။ ဥပမာ- လိင်စိတ်မပါဘူးလို့ ပြောရင် ဒါဟာ ညာရာကျမှာပေါ့။ သို့သော် အဲဒါကိုပြန်ပြီး Control  လုပ်ဖို့ပေါ့။ အဲဒီအခါ ကျတော့ အချစ်ကို အခြားအရာနဲ့ ရောပြီးတော့ မသွား ဘဲနဲ့ အချစ်သီးသန့်အတိုင်း ဖြစ်တည်ဖို့၊ စွန့်လွှတ် အနစ်နာခံဖို့၊ အလိုလိုက် ဖို့ပေါ့။ ပန်းကလေးတစ်ပွင့်ကို ချစ်ရင်၊ သစ်ပင်လေးတစ်ပင်ကိုချစ်ရင် သူတို့ကို ရေလောင်းပေးမယ်။ ပြုစုပျိုးထောင်ပေးမယ်။ တကယ် လို့များ ပိုးတွေ ဘာတွေ ရှိနေမယ်ဆိုရင် ပိုးသတ်ဆေး လေးဖျန်းပေးမယ်ပေါ့။ အရိပ်တကြည့်ကြည့်နဲ့ နေရတဲ့ အရသာ။ အဲဒါအချစ်ပဲလေ” လို့ ဆရာမဂျူးက အချစ်ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပြပေးခဲ့ပါတယ်။

အမျိုးသမီးတွေ အနေနဲ့လည်း ဆရာမ ခင်ဆွေဦးနဲ့ ဂျာနယ်ကျော်မမလေးတို့ရဲ့ ဇာတ်ကောင်စရိုက်ကို ပမာ ထား ပြောပြခဲ့ပါသေးတယ်။

“ဆရာမ ခင်ဆွေဦးရဲ့ အမျိုးသမီး ဇာတ်ကောင် တွေကို သဘောကျတယ်။ တစ်ခါတစ်ရံ ပျော့ညံ့ချင် တဲ့စိတ်မျိုး ရှိချင်ရှိမယ်။ အများအားဖြင့်တော့ ကိုယ့် ကိုယ်ကိုယ် အားတင်းထားတယ်။ အဲဒီ အားတင်းမှု တွေနဲ့ သူတို့ဟာ ဘဝမှာ သိပ်ဆိုးဝါးတဲ့ အချိန်မျိုးကို ကျော်ဖြတ်ပြီးတဲ့အခါမှာ ဟားတိုက်ပြီး ရယ်ပစ်လိုက် တာမျိုး။ သူ့ကိုယ်သူ ပြန်အားအင်ယူတာမျိုးတွေပေါ့။ ပြီးတော့ ဂျာနယ်ကျော်မမလေး။ သူ့ရဲ့ဝတ္ထု ထဲက ဇာတ် လိုက်တွေက နူးညံ့တယ်၊ သိမ်မွေ့တယ်ပေါ့။ ရင်နင့် အောင် မွှေးထဲက “မော်” ကို အရမ်းချစ်တာပဲ။ သူ့ရဲ့ မိခင်က သူ့ကို စည်းကမ်းသိမ်မွေ့အောင် လုပ်ထား တဲ့အခါ သူဟာ ဘာသာရေး ကိုင်းရှိုင်းတယ်။ သူ့ချစ် သူ အပေါ်မှာလည်း ထိန်းထိန်းသိမ်းသိမ်း ချစ်တတ် တယ်။ အဲဒီအခါကျတော့ ဒါတွေဖတ်ပြီးရင် ကိုယ် ကိုယ်တိုင် သူ့တို့နေရာ ရောက်ချင်သွားတယ်။ အဲဒီလို ရောက်ချင်လောက်အောင် ကိုယ့်အတွက် စံပြဇာတ် ကောင်ဖြစ်ခဲ့တာပေါ့”လို့ ဆရာမဂျူးက အမျိုးသမီး စံပြဇာတ်ကောင်တွေအကြောင်း ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ဆရာမဂျူးက စာအုပ် စာပေဖတ်ခြင်း ကနေ စာအုပ်ထဲက စံပြဇာတ်ကောင်များက ကိုယ့်ကို အမြဲကိုယ်ထင်ပြလေ့ရှိပြီး ယောက်ျားလေးရော မိန်းကလေးပါ စံပြဇာတ်ကောင် ဖြစ်ချင်တဲ့စိတ်ကို ဖြစ်စေတယ်လို့ လည်းပြောပါတယ်။ ဒါကြောင့် စိတ် ရိုင်းဖြစ်ပေါ်မှုကို ထိန်းချုပ်ဖို့ အကောင်းဆုံး ဖြေရှင်း နည်းက စာဖတ်ခြင်းဖြစ်ကြောင်းနဲ့ လူငယ်တွေ စာဖတ် ကြစေချင်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

မျိုးကျော်(ကနောင်သွေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071