တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့ကို အထူးဖွံ့ဖြိုးရေးဒေသများအဖြစ်အကောင်အထည် ဖော်ဆောင်ရွက်နေသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၆ ရက်တွင် ပဲခူးတိုင်း၊ တောင် ငူခရိုင်ရှိ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များအား နယ်မြေခံလေတပ် ဧည့်ခန်းမဆောင်၌တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်း ဒေသများမှတဆင့် အခြားမြို့များကိုလည်း ဆင့် ကဲအထူးဖွံ့ဖြိုးတိုးတက်သောဒေသများအဖြစ် ဖြစ်ပေါ်လာစေရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ တိုင်းနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ကွပ်ကဲမှုလက်လှမ်းမီရာဒေသများအလိုက် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေရေးစနစ်တကျစီမံဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့ပြင် တောင်ငူခရိုင်ကို အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နေပြည် တော်နှင့်ဆက်စပ်၍ ဒေသဖွံ့ဖြိုးရေးကိုဖော်ဆောင်ပေးလျက်ရှိကာ တောင်ငူဒေသဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသနှင့်ဆက်စပ်လျက်ရှိသည့် အခြားဒေသများသည်လည်း ဒေသအတွက်ကြိုးစားလိုစိတ်များဖြစ်ပေါ်လာမည်ဟု ပြောသည်။
တောင်ငူဒေသတွင်နေထိုင်သူများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုရှိစေရေးကို စဉ်းစားဆောင်ရွက်ရန်၊ တောင် ငူဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသော်လည်း ရေရှည်တွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့်ကုန်ထုတ် လုပ်ငန်း၊ MSME လုပ်ငန်းများကိုအားပေးဆောင်ရွက်ရန် မဣာကြားသည်။
ထို့ပြင် ဒေသအလိုက် ဒေသတွင်းစားရေးဖူလုံမှုအပြင် ပြင်ပသို့ရောင်းချနိုင်ရေးအတွက်ဆောင်ရွက်ရန်၊ စိုက် ပျိုးရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
