Monday, September 14, 2026

မန်ချက်စတာဒါဘီပွဲ အနိုင်ဂိုးတွင် မှားယွင်းဆုံးဖြတ်ခဲ့ကြောင်း ဒိုင်လူကြီးအဖွဲ့...

အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့သည့် မန်ချက်စတာဒါဘီပွဲတွင် မန်ချက်စတာစီးတီးက အိမ်ရှင် မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ရာ အဆုံးအဖြတ်အနိုင်ဂိုးနှင့်ပတ်သက်၍ ဒိုင်လူကြီးများဘက်က မှားယွင်းဆုံးဖြတ်ခဲ့ကြောင်း...

ကွာလာလမ်ပူ မြန်မာသံရုံးတွင် PJ သက်တမ်းတိုး...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၄ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၌ PJ အမျိုးအစား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရက်ချိန်းလျှောက်ထားမှုများအနက် မမှန်မကန်နှင့် လိမ်လည်လျှောက်ထားမှုများ စိစစ်တွေ့ရှိနေရသဖြင့်...

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲအမီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မည်

တောင်ကြီး၊ စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတွင် လမ်းအမည် လမ်းညွှန်ဆိုင်းဘုတ်များကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံမှ...

သာကေတမြို့နယ်၌ AMI စနစ် အကောင်အထည်ဖော်ရန်...

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ယူနစ်ပျောက်ဆုံးမှုလျော့နည်းကျဆင်း​ရန်နှင့် AMI စနစ်အကောင်အထည်ဖော်ရန်တို့အတွက် ခရိုင်အစုအဖွဲ့ဖြင့် Digital Smart Meter များကိုပြောင်းလဲတပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြောင်းလဲတပ်ဆင်ပေးနေမှုများ၊ ၆၆/၃၃/၁၁...
HomeNewsLiterature Newsသား နဲ့ သမီး...

သား နဲ့ သမီး စိတ်နဲ့ ဘဝကို တစ်ယောက်တည်းပဲ ဖြတ်သန်းနေသူ သျှန်ထွန်း (မြန်မာစာ)

ကျန်းမာရေးမကောင်းတဲ့ အချိန်မျိုးမှာ သူ့ကိုဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ပေးမယ့် သူတွေမရှိဘဲ တစ်ယောက်တည်းရုန်းကန်နေရတဲ့အတွက် အခက်အခဲတော့ဖြစ်ရတယ်လို့ သျှန်ထွန်း(မြန်မာစာ) ကပြောပါတယ်။ သျှန်ထွန်း(မြန်မာစာ)က တစ်ယောက်တည်းနေထိုင် လျက်ရှိပြီး သူ့ရဲ့ သားနဲ့သမီးကိုတော့ အဘိုးနဲ့အဘွားတို့အိမ်မှာ ထားထားတယ်လို့ပြောပါ တယ်။ ဒါကြောင့် လည်း သူ့အနေနဲ့ကတော့ နေထိုင်မကောင်းတဲ့အချိန်တွေမှာ အားငယ်မိ တာတော့ အမှန်ပဲလို့ ရင်ဖွင့်ပါတယ်။

“သားနဲ့သမီးအတွက်က ကျွန်တော်ရှိနေရင် သူတို့ဘဝပြည့်စုံတယ်။ ကျွန်တော် နေမကောင်းတဲ့ အချိန်ကျတော့ ကျွန်တော့်ဘေးနားမှာ ဘယ်သူမှမရှိဘူးလေ။ အဲဒီလိုမျိုး အကြောင်းအရာတွေကို ဖေ့စ်ဘုတ်ခ်ပေါ်တင်လိုက်ရင် ပရိသတ်တွေက ကျွန်တော်တို့ ရှိပါ တယ်၊ ကျွန်မတို့ရှိပါတယ်ဆိုတဲ့ အားပေးမှုတွေကြောင့် အားပြန်ရှိရပါတယ်။ သြော်.. ငါ့မှာ ဒီလိုမျိုး အားပေးကြတဲ့ ဆွေမျိုးမိသားစုတွေရှိပါလားဆိုတဲ့ ခံစားမှုမျိုးဖြစ်ပါတယ်” လို့ သူ့ရဲ့ခံစားမှုကို သျှန်ထွန်း(မြန်မာစာ)က ပြောပါတယ်။ သျှန်ထွန်း(မြန်မာစာ)အနေနဲ့ ကတော့ နောက်အိမ်ထောင်ထပ်မပြုဘဲ သားနဲ့သမီးကိုသာ အဓိကစောင့်ရှောက်လျက်ရှိနေ ပါတယ်။ သို့ပေမယ့်လည်း အခုလိုကျန်းမာရေးမကောင်းတဲ့ အချိန်မျိုးမှာတော့ သူ့ကို ဂရုစိုက်ပေးမယ့် အားပေးဖော်လိုချင်စိတ်ဖြစ်မိတယ်လို့ သူကပြောပြပါတယ်။

“တစ်ဖက်ကတွေးမိတော့လည်း နေမကောင်းတဲ့အချိန်မျိုးမှာ ပြုစုစောင့်ရှောက် ယုယပေးမယ့် လက်တွဲဖော်လေးရှိရင် ကောင်းမှာပဲပေါ့လေ။ ဒါပေမဲ့ အဲဒီလိုတွေးလိုက်တိုင်း တွေးလိုက် တိုင်း အဲဒီလိုဖြစ်လာခဲ့ရင် ငါ့သားတွေငါ့သမီးတွေက ငါတို့အဖေမှာ ချစ်ရ မယ့်သူ ကြင်နာရမယ့်သူရှိနေရင် ငါတို့ကို အပြည့်အဝချစ်ပါတော့မလားဆိုတဲ့ စိတ် မျိုး ဖြစ်လာမှာပဲဆိုတဲ့ အတွေးမျိုးက အမြဲတမ်းဖြစ်တယ်။ ဖြစ်တဲ့အတွက်ကြောင့်မို့ ခုနလိုတွေးမိပေ မယ့်လည်း သားနဲ့သမီးအတွက် စိတ်ကအမြဲပြန်ဖြစ်တဲ့အတွက် ကိုယ့်ဘာသာ ကိုယ်ပဲ အတတ်နိုင်ဆုံး နေမယ်ဆိုတဲ့ စိတ်ကိုပဲထားလိုက်ပါ တယ်” လို့ ဖခင်တစ်ယောက်ရဲ့ စိတ်ကို သျှန်ထွန်း(မြန်မာစာ)က ပြောပါ တယ်။ သူက ကျန်းမာရေးကောင်းမွန်လာဖို့အတွက် ဆေးလိပ်ဖြတ်လိုက်ရ ပြီး အခု လက်ရှိအချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်ဂရုတစိုက်နဲ့ နေထိုင်ဖြစ် နေတယ်လို့ ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071