Monday, September 14, 2026

ဘွဲ့ရကျောင်းသားများ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းရန်...

မန္တလေး၊ စက်တင်ဘာ ၁၄ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းဆင်းဘွဲ့ယူကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ကာကွယ်သွားကြရန် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်...

ကွာလာလမ်ပူ မြန်မာသံရုံးတွင် PJ သက်တမ်းတိုး...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၄ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၌ PJ အမျိုးအစား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရက်ချိန်းလျှောက်ထားမှုများအနက် မမှန်မကန်နှင့် လိမ်လည်လျှောက်ထားမှုများ စိစစ်တွေ့ရှိနေရသဖြင့်...

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲအမီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မည်

တောင်ကြီး၊ စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတွင် လမ်းအမည် လမ်းညွှန်ဆိုင်းဘုတ်များကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံမှ...

သာကေတမြို့နယ်၌ AMI စနစ် အကောင်အထည်ဖော်ရန်...

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ယူနစ်ပျောက်ဆုံးမှုလျော့နည်းကျဆင်း​ရန်နှင့် AMI စနစ်အကောင်အထည်ဖော်ရန်တို့အတွက် ခရိုင်အစုအဖွဲ့ဖြင့် Digital Smart Meter များကိုပြောင်းလဲတပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြောင်းလဲတပ်ဆင်ပေးနေမှုများ၊ ၆၆/၃၃/၁၁...
HomeNewsLocal Newsမန်ချက်စတာဒါဘီပွဲ အနိုင်ဂိုးတွင် မှားယွင်းဆုံးဖြတ်ခဲ့ကြောင်း...

မန်ချက်စတာဒါဘီပွဲ အနိုင်ဂိုးတွင် မှားယွင်းဆုံးဖြတ်ခဲ့ကြောင်း ဒိုင်လူကြီးအဖွဲ့ ဝန်ခံ

အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့သည့် မန်ချက်စတာဒါဘီပွဲတွင် မန်ချက်စတာစီးတီးက အိမ်ရှင် မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ရာ အဆုံးအဖြတ်အနိုင်ဂိုးနှင့်ပတ်သက်၍ ဒိုင်လူကြီးများဘက်က မှားယွင်းဆုံးဖြတ်ခဲ့ကြောင်း အင်္ဂလန်ဒိုင်လူကြီးအဖွဲ့အစည်းက ပွဲအပြီးတွင် ဝန်ခံတောင်းပန်ခဲ့ကြောင်း သိရသည်။

ပွဲချိန် ၂၃ မိနစ်တွင် မန်စီးတီးကွင်းလယ်ကစားသမား ဖီးလ်ဖိုဒန်သည် မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်အပေါ် ကြမ်းတမ်းစွာ ပြုမူခဲ့သဖြင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး မန်စီးတီးသည် ပွဲချိန်အများစုကို ၁၀ ယောက်တည်းဖြင့် ကစားခဲ့ရသည်။

သို့သော် မန်ယူအသင်းက လူအင်အားအသာစီးကို အသုံးမချနိုင်ခဲ့ဘဲ ပွဲချိန် မိနစ် ၆၀ တွင် ဂျိုစကိုဂါဗာဒီယို၏ ဖြတ်တင်ဘောမှတစ်ဆင့် အားလင်းဟာလန်းက မန်စီးတီးအတွက် အနိုင်ဂိုး သွင်းယူခဲ့သည်။

အဆိုပါဂိုးကို ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက အစပိုင်းတွင် လူကျွံဘောအဖြစ် သတ်မှတ်ခဲ့သော်လည်း VAR ပြန်လည်စစ်ဆေးပြီးနောက် ဟာလန်း လူကျွံနေခြင်းမရှိကြောင်း ဆုံးဖြတ်ကာ ဂိုးအဖြစ် အတည်ပြုခဲ့သည်။

သို့ရာတွင် ဖြတ်တင်ဘောပေးပို့ချိန်၌ လူကျွံအနေအထားတွင် ရှိနေသည့် မန်စီးတီးကစားသမားတစ်ဦးက ဘောလုံးဆီသို့ ဝင်ရောက်အားထုတ်ခဲ့ခြင်းကြောင့် မန်ယူနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်၏ ဖျက်ထုတ်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့သဖြင့် လူကျွံဘောအဖြစ် သတ်မှတ်သင့်ခဲ့ကြောင်း ဒိုင်လူကြီးအဖွဲ့က နောက်ပိုင်းတွင် သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ယင်းဆုံးဖြတ်ချက်အမှားနှင့်ပတ်သက်၍ မန်ချက်စတာယူနိုက်တက်အသင်းထံ တရားဝင်ဆက်သွယ်တောင်းပန်ခဲ့ကြောင်းလည်း သိရသည်။

ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အမှားက ပွဲရလဒ်အပေါ် သက်ရောက်မှုရှိခဲ့သော်လည်း မန်ယူအသင်းသည် လူအင်အားအသာစီးဖြင့် အချိန်ကြာမြင့်စွာ ကစားခဲ့ရသည့်တိုင် ဂိုးပေါက်တည့်ကန်ချက် သုံးကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး မန်စီးတီးခံစစ်ကို ထိရောက်စွာ ထိုးဖောက်နိုင်ခြင်းမရှိခဲ့ကြောင်း ဘောလုံးသုံးသပ်သူများက ထောက်ပြခဲ့သည်။

ယခုရှုံးပွဲကြောင့် မန်ယူအသင်းသည် လေးပွဲကစား ရမှတ်လေးမှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၃ နေရာတွင် ရပ်တည်နေပြီး မန်စီးတီးက လေးပွဲစလုံး အနိုင်ရကာ ရမှတ် ၁၂ မှတ်ဖြင့် အာဆင်နယ်နှင့် ရမှတ်တူ၊ ဂိုးကွာခြားချက်အရ ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘွဲ့ရကျောင်းသားများ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းရန် တိုက်တွန်း

မန္တလေး၊ စက်တင်ဘာ ၁၄ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းဆင်းဘွဲ့ယူကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ကာကွယ်သွားကြရန် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက တိုက်တွန်းပြောကြားသည်။ ဒုတိယဝန်ကြီးသည် ယမန်နေ့က မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အကြိမ် (၂၀) မြောက် ဘွဲ့ယူစွမ်းရည်ပြ ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် စင်တင်တင်ဆက်ပွဲသို့ တက်ရောက်ကြည့်ရှုစဉ်...

ကွာလာလမ်ပူ မြန်မာသံရုံးတွင် PJ သက်တမ်းတိုး လိမ်လည်လျှောက်ထားမှုများကြောင့် ရက်ချိန်းစိစစ်မှု ကြန့်ကြာနေ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၄ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၌ PJ အမျိုးအစား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရက်ချိန်းလျှောက်ထားမှုများအနက် မမှန်မကန်နှင့် လိမ်လည်လျှောက်ထားမှုများ စိစစ်တွေ့ရှိနေရသဖြင့် ရက်ချိန်းစိစစ်ရွေးချယ်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း သံရုံးက စက်တင်ဘာ ၁၄ ရက်တွင် အသိပေးထားသည်။ သံရုံးအနေဖြင့် WhatsApp နှင့် အီးမေးလ်မှတစ်ဆင့် ရက်ချိန်းလျှောက်ထားသူများအနက် Work Permit နှင့် Special Pass သက်တမ်းကုန်ဆုံးရက် နီးကပ်နေသူများကို ဦးစားပေးစိစစ်ရွေးချယ်ကာ ရက်ချိန်းပေး၍ PJ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော်...

တောင်ကြီးတွင် တန်ဆောင်တိုင်ပွဲအမီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်မည်

တောင်ကြီး၊ စက်တင်ဘာ ၁၄ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတွင် လမ်းအမည် လမ်းညွှန်ဆိုင်းဘုတ်များကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံမှ သိရသည်။ ယခုတပ်ဆင်မည့် လမ်းညွှန်ဆိုင်းဘုတ်များတွင် တောင်ကြီးမြို့၏ အထိမ်းအမှတ်ဖြစ်သည့် မီးပုံးပျံရုပ်ပုံများ ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အရှေ့၊ အနောက် မြို့ပတ်လမ်းတစ်လျှောက်ရှိ လမ်းသွယ်များတွင် စတင်တပ်ဆင်သွားမည်ဖြစ်သည်။ ထို့ပြင် ပျ-က်စီးနေသည့် လူသွားစင်္ကြန် (ပလက်ဖောင်း) များကို ပြန်လည်ပြုပြင်သွားရန် စီစဥ်နေကြောင်းသိရသည်။ ဆေးရောင်လွင့်ပြယ်ပြီး မထင်မရှားဖြစ်နေသည့် "မဝင်ရ" တစ်လမ်းမောင်း ဆိုင်းဘုတ်များကိုလည်း အသစ်ပြန်လည် လဲလှယ်သွားမည်ဖြစ်သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071