တောင်ကြီး၊ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များတွင် လမ်းအမည် လမ်းညွှန်ဆိုင်းဘုတ်များကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနထံမှ သိရသည်။
ယခုတပ်ဆင်မည့် လမ်းညွှန်ဆိုင်းဘုတ်များတွင် တောင်ကြီးမြို့၏ အထိမ်းအမှတ်ဖြစ်သည့် မီးပုံးပျံရုပ်ပုံများ ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အရှေ့၊ အနောက် မြို့ပတ်လမ်းတစ်လျှောက်ရှိ လမ်းသွယ်များတွင် စတင်တပ်ဆင်သွားမည်ဖြစ်သည်။
ထို့ပြင် ပျ-က်စီးနေသည့် လူသွားစင်္ကြန် (ပလက်ဖောင်း) များကို ပြန်လည်ပြုပြင်သွားရန် စီစဥ်နေကြောင်းသိရသည်။
ဆေးရောင်လွင့်ပြယ်ပြီး မထင်မရှားဖြစ်နေသည့် “မဝင်ရ” တစ်လမ်းမောင်း ဆိုင်းဘုတ်များကိုလည်း အသစ်ပြန်လည် လဲလှယ်သွားမည်ဖြစ်သည်ဟု သိရသည်။
