တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၈ ရက်တွင် ရှန်ဟိုင်းမြို့၌ ကျင်းပသည့် Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်ခဲ့သည်။
နိုင်ငံတော်သမ္မတသည် အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြခန်းများအား လှည့်လည်ကြည့်ရှုကာ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။
