Monday, June 22, 2026

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား ရာထူးက နုတ်ထွက်

ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား (Keir Starmer) ဟာ တနင်္လာနေ့ (ဇွန်လ ၂၂ ရက်) မှာ ရာထူးကနေ...

​အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်း အမှတ် ကျွမ်းဘားပြိုင်ပွဲနှင့်...

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်း ညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ (၂၁)...

​MFF-Royal-D U-15 League မန္တလေးဇုန်...

ဒုတိယအဆင့်ကို အသင်း (၈)သင်းဖြင့် ဩဂုတ်လတွင် ဆက်လက်ကျင်းပမည် ​MFF-Royal-D U-15 League 2026 ပြိုင်ပွဲ မန္တလေးဇုန် ခြေစစ်ပွဲကို ဇွန်လ (၁၉)...

မဟာမုနိဘုရားကြီးအား အွန်လိုင်းမှ ၂၄ နာရီပတ်လုံး...

မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား YouTube Channel ဖြစ်သော Mahamuni Pagoda မှ ၂၄ နာရီပတ်လုံး တိုက်ရိုက် (Live) ဖူးမြော်ကြည်ညိုနိုင်ပြီ...
HomeNewsLocal Newsမြန်မာ့ထမနဲကို UNESCO သို့...

မြန်မာ့ထမနဲကို UNESCO သို့ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိဟု ဒုတိယသမ္မတ ပြောကြား

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်း

မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် မြန်မာ့ထမနဲကို UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းအသိအမှတ်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ နဝမအကြိမ်အစည်းအဝေးကို ဇွန် ၁၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းရန်နှင့် တိမ်မြုပ်ပျောက်ကွယ်နေသည့် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို သုတေသနပြု ဖော်ထုတ်ထိန်းသိမ်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များသည် နိုင်ငံ၏ ဂုဏ်ယူဖွယ်ပုံရိပ်များဖြစ်သည့်အတွက် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းနိုင်ရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

အစည်းအဝေးတွင် ရှေးပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး နှင့် သရေခေတ္တရာ တို့ကို ၂၀၁၄ ခုနှစ်တွင် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ကို ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ကြောင်းလည်း ပြန်လည်ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို UNESCO ၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုထားပြီး မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့နှင့် မြန်မာ့လက်ဖက်ယဉ်ကျေးမှုတို့ကိုလည်း UNESCO သို့ တင်သွင်းထားကြောင်း၊ မြန်မာ့ထမနဲကို ဆက်လက်တင်ပြနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယဉ်ကျေးမှုအမွေအနှစ်များကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် ဝင်ရောက်လာသည့် ပြည်ပယဉ်ကျေးမှုလွှမ်းမိုးမှုများကြားတွင် မြန်မာ့ယဉ်ကျေးမှုလက္ခဏာများ မပျောက်ပျက်စေရေးကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား ရာထူးက နုတ်ထွက်

ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား (Keir Starmer) ဟာ တနင်္လာနေ့ (ဇွန်လ ၂၂ ရက်) မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ စက်တင်ဘာလမှာ လွှတ်တော်ပြန်လည်စတင်တဲ့အချိန် ခေါင်းဆောင်သစ်တစ်ယောက် ရောက်လာတော့မှာဖြစ်လို့၊ ဒါဟာ ၁၀ နှစ်အတွင်း ဗြိတိန်နိုင်ငံအတွက် ၇ ယောက်မြောက် နိုင်ငံ့ခေါင်းဆောင်ကို ရရှိတော့မယ့်သဘောပါပဲ။ ဗြိတိန်နိုင်ငံရေးက ရှုပ်ထွေးမှုတွေကို အဆုံးသတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာ ၂ နှစ်တောင် မပြည့်သေးပေမယ့်၊ ပါတီဝင်တွေက သူ့ကို ဆင်းပေးစေချင်နေတာ သေချာသွားပြီလို့...

​အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်း အမှတ် ကျွမ်းဘားပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ​​

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်း ညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ (၂၁) ရက်နေ့ နံ နက်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ် လေ့ကျင့်ရေးအား ကစားရုံ၌ ကျင်းပခဲ့သည်။ ​အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူးများ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ နိုင်ငံကျော်တေးသံရှင် နီနီခင်ဇော်၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင်...

​MFF-Royal-D U-15 League မန္တလေးဇုန် ခြေစစ်ပွဲပြီးဆုံး၊

ဒုတိယအဆင့်ကို အသင်း (၈)သင်းဖြင့် ဩဂုတ်လတွင် ဆက်လက်ကျင်းပမည် ​MFF-Royal-D U-15 League 2026 ပြိုင်ပွဲ မန္တလေးဇုန် ခြေစစ်ပွဲကို ဇွန်လ (၁၉) ရက်မှ (၂၁ )ရက်အထိ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ရာ၊ ​ဒုတိယအဆင့်ပြိုင်ပွဲကို လာမည့် ဩဂုတ်လ ပထမပတ်မှ ဒီဇင်ဘာလအထိ နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။ ဒုတိယအဆင့်ပြိုင်ပွဲတွင် ပါဝင်မည့်မန္တလေးဇုန်မှ (၈)အသင်းမှာ STNM FC၊ Shwe Pay Leik FC၊ Sparrow FC၊ Anis akhan FC၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071