Sunday, June 14, 2026

လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ...

လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ အသိပေးထားသည်။ လေယာဉ်လိုင်းများ၏ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့်နှုန်းထားဖြင့် ဝယ်ယူခဲ့ရပါက ခရီးသည်အမည်၊ ဝယ်ယူခဲ့သည့်ရက်စွဲ၊...

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ...

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန်...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့်...

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ...
HomeNewsLocal Newsမြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း...

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀ လက်ရွေးစင် တိုက်စစ်ကစားသမားကိုထပ်မံ ခေါ်ယူ

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀ အမျိုးသမီးလက်ရွေးစင်အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သူ နတ်ချာနော့ခ် (Nachanok Kosonsaksakul)ကို အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်သည်။

အသက် ၁၇ နှစ်အရွယ်သာရှိသေးသော်လည်း ခြေစွမ်းပြည့်ဝသည့် တိုက်စစ်ကစားသမား နတ်ချာနော့ခ်သည် ထိုင်းနိုင်ငံ ယူ-၁၇ နှင့် ယူ-၂၀ လက်ရွေးစင်အသင်းများတွင် အဆင့်ဆင့်ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

၎င်းသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် ထိုင်းကလပ် ဖရာနာခွန် (Phranakorn FC)အသင်းအပြင်၊ အမေရိကန်အခြေစိုက် စတန်တွန်တက္ကသိုလ် (Stanton University)အသင်းတွင်လည်း သွားရောက်ကစားခဲ့ဖူးသည့် အတွေ့အကြုံရှိသူလည်း ဖြစ်သည်။

ဧရာဝတီအမျိုးသမီးအသင်းသည် ယခုနှစ်ရာသီတွင် ပြည်ပကစားသမားခေါ်ယူမှုပိုင်း၌ အင်တိုက်အားတိုက် ရင်းနှီးမြှုပ်နှံနေပြီး လက်ရှိတွင်ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်ကစားသမား ရီတူ (Ritu Porna Chakma)၊ ဖိလစ်ပိုင် ကစားသမား အူဘေး (Camille Rodriguez Ubae) တို့ကို ခေါ်ယူထားပြီးဖြစ်သည်။

ယခု ထိုင်းလူငယ်လက်ရွေးစင် နတ်ချာနော့ခ် ထပ်မံရောက်ရှိလာခြင်းကြောင့် ဧရာဝတီအသင်းအနေဖြင့် စုစုပေါင်း ပြည်ပကစားသမား (၃) ဦးအထိ ရှိနေပြီဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ အရေးယူမည်

လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ အသိပေးထားသည်။ လေယာဉ်လိုင်းများ၏ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့်နှုန်းထားဖြင့် ဝယ်ယူခဲ့ရပါက ခရီးသည်အမည်၊ ဝယ်ယူခဲ့သည့်ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ဝယ်ယူခဲ့သည့် Agent အမည်၊ ဝယ်ယူခဲ့ရသည့်ဈေးနှုန်းနှင့် ငွေပေးချေသည့်အထောက်အထားစသည့် တိကျသည့်သတင်းအချက်အလက်များနှင့်အတူ သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း သိရသည်။ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချသည့်မည်သူမဆို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ အသိပေးထားသည်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ ရှာဖွေတွေ့ရှိ၊ တနင်္သာရီကမ်းလွန်တွင် ၉၅ ထရီလီယံကုဗပေခန့်အထိ ထွက်ရှိနိုင်ခြေရှိ

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ရတနာ၊ ဇောတိက၊ ရွှေ နှင့် ရဲတံခွန် ကဲ့သို့သော ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း (၄) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်းများမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာ ထုတ်လုပ်မှု လုပ်ငန်းများနှင့် ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများတွင် အဓိကမောင်းနှင်အားအဖြစ်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ ထပ်မံရောက်ရှိလာ

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန် ၁၃ ရက်)က ထပ်မံရောက်ရှိခြင်း ဖြစ်ကာ ပထမအကြိမ်အဖြစ် မေ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင် လည်းကောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထိုထောက်ပံ့ရေးပစ္စည်းများတွင် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071