Home News Local News လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ အရေးယူမည်

လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ အရေးယူမည်

0
71

လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ အသိပေးထားသည်။

လေယာဉ်လိုင်းများ၏ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့်နှုန်းထားဖြင့် ဝယ်ယူခဲ့ရပါက ခရီးသည်အမည်၊ ဝယ်ယူခဲ့သည့်ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ဝယ်ယူခဲ့သည့် Agent အမည်၊ ဝယ်ယူခဲ့ရသည့်ဈေးနှုန်းနှင့် ငွေပေးချေသည့်အထောက်အထားစသည့် တိကျသည့်သတင်းအချက်အလက်များနှင့်အတူ သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း သိရသည်။

လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချသည့်မည်သူမဆို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ အသိပေးထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here